မီတာခ မတတ်နိုင်လို့ လမ်းဘေးမီးတိုင်ကို အားကိုးပြီး အိမ်စာလုပ်နေခဲ့ရတဲ့ 12 နှစ်အရွယ်ကောင်လေး (ရုပ်သံ)

Peru နိုင်ငံ Moche မြို့မှာ နေထိုင်တဲ့ 12 နှစ်အရွယ်ကောင်လေးဟာ သူ့ရဲ့မိသားစုက ဆင်းရဲလွန်းပြီး မီတာခပေးဆောင်ဖို့ ငွေကြေးမတတ်နိုင်လို့ လမ်းမကြီးဘေးမှာ ရှိတဲ့မီးတိုင်ကို အားကိုးပြီး အိမ်စာလုပ်နေခဲ့တဲ့ CCTV မှတ်တမ်း video ကို ဒေသခံရဲအရာရှိက social media ပေါ်မှာ ဝေမျှပေးခဲ့ပါတယ် ။

ဖြစ်စဉ်အစကတော့ ညဖက် လမ်းမကြီးဘေးမှာထိုင်နေခဲ့တဲ့ ကောင်လေးကို CCTV မှာ တွေ့လိုက်ရလို့ ရဲအရာရှိက မသင်္ကာလို့ အကျယ်ချဲ့ကာကြည့်လိုက်ချိန်မှာတော့ ကလေးငယ်က စာဖတ်နေပြီး သူ့ရဲ့မှတ်စုစာအုပ်လေးမှာ စာရေးသားနေတာကို တွေ့ရှိခဲ့ရတာပါ ။ လုံးလဝီရိယနဲ့ကြိုးစားနေတဲ့ ကောင်လေးရဲ့အဖြစ်ကြောင့် ရင်ထဲထိရှသွားခဲ့လို့ အဆိုပါ video ကို ရဲစခန်းကသူတို့ရဲ့ တရားဝင် facebook Account ကနေ ဝေမျှပေးခဲ့ပါတော့တယ် ။

အဆိုပါ video ဟာ ကမ္ဘာအနှံ့ကြည့်ရှုသူအများအပြားရရှိခဲ့ပြီး ၊ မီဒီယာတွေက ကောင်လေးရဲ့နေအိမ်အထိ အကြောင်းစုံသွားရောက်မေးမြန်းခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ ကောင်လေးရဲ့မိခင်က သူမတို့ဟာအလွန်ဆင်းရဲပြီး မီတာခပေးဆောင်ဖို့တောင်မတတ်နိုင်ကြပါဘူး ၊ ညဖက်အလင်းရောင်ရရှိအောင် ဖယောင်တိုင်မီးအသုံးပြုလေ့ရှိပေမဲ့ ဖယောင်တိုင်ရဲ့အလင်းရောင်က အားနည်းလွန်းလို့ အချို့ညတွေမှာ နေထွက်တဲ့အချိန်ထိ သားဖြစ်သူ Victor Martin ဟာ သူ့ရဲ့အိမ်စာ မပြီးစီးခဲ့ပါဘူး ။

တစ်ရက်မှာတော့ သားလေးက ‘ ငါဖယောင်းတိုင်ဘဲ ဆက်ပြီးသုံးနေရင် ရူးသွားလိမ့်မယ် ၊ အိမ်စာပြီးဖို့ အပြင်မှာထွက်လုပ်တာပဲ ပိုကောင်းလိမ့်မယ် ‘ ဆိုပြီး ပြောဆိုလာခဲ့ပါတယ် ။ Victor ဟာ အိမ်မှုကိစ္စတွေကို ကူညီပေးလေ့ရှိပြီး ၊ ကျောင်းမှန်မှန်တက်တဲ့ 6 တန်းအရွယ်ကလေးဖြစ်ကာ စာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သိရပါတယ် ။

Victor ရဲ့အကြောင်းဟာ အတော်လေးကို နာမည်ကြီးသွားခဲ့ပြီး တာဝန်ရှိတွေကိုယ်တိုင်သူ့ရဲ့နေအိမ်သို့အရောက်လာလည်ကာ ညဖက်နေအိမ်အပြင်ထွက်ပြီး စာမလုပ်ရအောင် လျှပ်စစ်မီးကို Victor တို့ရဲ့နေအိမ်မှာ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း ကတိပေးသွားခဲ့ကြောင်း သိရှိရပါတယ် ။

Zawgyi

Peru ႏိုင္ငံ Moche ၿမိဳ႕မွာ ေနထိုင္တဲ့ 12 ႏွစ္အ႐ြယ္ေကာင္ေလးဟာ သူ႔ရဲ႕မိသားစုက ဆင္းရဲလြန္းၿပီး မီတာခေပးေဆာင္ဖို႔ ေငြေၾကးမတတ္ႏိုင္လို႔ လမ္းမႀကီးေဘးမွာ ရွိတဲ့မီးတိုင္ကို အားကိုးၿပီး အိမ္စာလုပ္ေနခဲ့တဲ့ CCTV မွတ္တမ္း video ကို ေဒသခံရဲအရာရွိက social media ေပၚမွာ ေဝမွ်ေပးခဲ့ပါတယ္ ။

ျဖစ္စဥ္အစကေတာ့ ညဖက္ လမ္းမႀကီးေဘးမွာထိုင္ေနခဲ့တဲ့ ေကာင္ေလးကို CCTV မွာ ေတြ႕လိုက္ရလို႔ ရဲအရာရွိက မသကၤာလို႔ အက်ယ္ခ်ဲ႕ကာၾကည့္လိုက္ခ်ိန္မွာေတာ့ ကေလးငယ္က စာဖတ္ေနၿပီး သူ႔ရဲ႕မွတ္စုစာအုပ္ေလးမွာ စာေရးသားေနတာကို ေတြ႕ရွိခဲ့ရတာပါ ။ လုံးလဝီရိယနဲ႔ႀကိဳးစားေနတဲ့ ေကာင္ေလးရဲ႕အျဖစ္ေၾကာင့္ ရင္ထဲထိရွသြားခဲ့လို႔ အဆိုပါ video ကို ရဲစခန္းကသူတို႔ရဲ႕ တရားဝင္ facebook Account ကေန ေဝမွ်ေပးခဲ့ပါေတာ့တယ္ ။

အဆိုပါ video ဟာ ကမာၻအႏွံ႔ၾကည့္ရႈသူအမ်ားအျပားရရွိခဲ့ၿပီး ၊ မီဒီယာေတြက ေကာင္ေလးရဲ႕ေနအိမ္အထိ အေၾကာင္းစုံသြားေရာက္ေမးျမန္းခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာေတာ့ ေကာင္ေလးရဲ႕မိခင္က သူမတို႔ဟာအလြန္ဆင္းရဲၿပီး မီတာခေပးေဆာင္ဖို႔ေတာင္မတတ္ႏိုင္ၾကပါဘူး ၊ ညဖက္အလင္းေရာင္ရရွိေအာင္ ဖေယာင္တိုင္မီးအသုံးျပဳေလ့ရွိေပမဲ့ ဖေယာင္တိုင္ရဲ႕အလင္းေရာင္က အားနည္းလြန္းလို႔ အခ်ိဳ႕ညေတြမွာ ေနထြက္တဲ့အခ်ိန္ထိ သားျဖစ္သူ Victor Martin ဟာ သူ႔ရဲ႕အိမ္စာ မၿပီးစီးခဲ့ပါဘူး ။

တစ္ရက္မွာေတာ့ သားေလးက ‘ ငါဖေယာင္းတိုင္ဘဲ ဆက္ၿပီးသုံးေနရင္ ႐ူးသြားလိမ့္မယ္ ၊ အိမ္စာၿပီးဖို႔ အျပင္မွာထြက္လုပ္တာပဲ ပိုေကာင္းလိမ့္မယ္ ‘ ဆိုၿပီး ေျပာဆိုလာခဲ့ပါတယ္ ။ Victor ဟာ အိမ္မႈကိစၥေတြကို ကူညီေပးေလ့ရွိၿပီး ၊ ေက်ာင္းမွန္မွန္တက္တဲ့ 6 တန္းအ႐ြယ္ကေလးျဖစ္ကာ စာေတာ္တဲ့ေက်ာင္းသားတစ္ေယာက္ျဖစ္ေၾကာင္း သိရပါတယ္ ။

Victor ရဲ႕အေၾကာင္းဟာ အေတာ္ေလးကို နာမည္ႀကီးသြားခဲ့ၿပီး တာဝန္ရွိေတြကိုယ္တိုင္သူ႔ရဲ႕ေနအိမ္သို႔အေရာက္လာလည္ကာ ညဖက္ေနအိမ္အျပင္ထြက္ၿပီး စာမလုပ္ရေအာင္ လွ်ပ္စစ္မီးကို Victor တို႔ရဲ႕ေနအိမ္မွာ တပ္ဆင္ေပးသြားမွာျဖစ္ေၾကာင္း ကတိေပးသြားခဲ့ေၾကာင္း သိရွိရပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*