မိုးရွာနေသည့်အချိန်၌ လမ်းပေါ်တွင်တွေ့ရှိသော ခွေးလေးတစ်ကောင်ကို မိုးမိမှာစိုးရိမ်လို့ သူ၏ထီးကလေးဖြင့်ဆောင်းပေးထားခဲ့သည့် မီးမီးလေး၏ ကြည်နူးဖွယ်ရာ စိတ်ထားလေး

မိုးရွာနေသည့်အချိန်၌ လမ်းပေါ်တွင်တွေ့ရှိသော ခွေးလေးတစ်ကောင်ကို မိုးမိမှာစိုးရိမ်လို့ သူ၏ထီးကလေးဖြင့်ဆောင်းပေးထားခဲ့သည့် မီးမီးလေး၏ ကြည်နူးဖွယ်ရာ စိတ်ထားလေး

တိရိစ္ဆာန်လေးများဆိုသော်လည်း သူတို့ဟာ ခံစားတတ်သောနှလုံးသားနှင့်အတူ အသိညဏ်လေးတွေကိုလည်း ပိုင်ဆိုင်ထားသောကြောင့် လူသားတို့အနေဖြင့် စာနာမှုထားရှိပေးလျှင် မိမိတို့၏ ကမ္ဘာကြီးက ပို၍ပင် နေချင်စရာကောင်းလှမှာဖြစ်ပါတယ်။ယခုတွင်လည်း သာမန်အရွယ်ရောက်ပြီးသား လူများတွင်ပင် မရှိနိုင်သော ကြင်နာလှသည့် စိတ်ထားမျိုးကို အသက်လေးနှစ်အရွယ် သမီးလေးက ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

သမီးလေးဟာ ညမိုးရွာနေသည့်အချိန်တစ်ခုတွင် ထီးကလေးဆောင်းပြီး အပြင်ထွက်လာသည့်အချိန်တွင် ခွေးကလေးတစ်ကောင်းဟာ မိုးရွာထဲတွင် ရှိနေတာကို မြင်တွေ့သွားခဲ့ပါတယ်။ထိုအခါ သမီးလေးဟာ ခွေးကလေးဆီသို့ ချက်ချင်းပင်ပြေးသွားခဲ့ပြီး မိုးမဆိုစေရန် သူ၏ထီးကလေးဖြင့် ဆောင်းထားပေးခဲ့တာဖြစ်ပါတယ်။

သမီးလေး၏ ကြည်နူးစရာကောင်းလှသော လုပ်ရက်လေးကြောင့် မိခင်ဖြစ်သူကပင် ငေးကြည့်နေမိတယ်ဟု သိရပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*