
မိုးရေလွှမ်းနေခဲ့တဲ့လမ်းမကြီးကိုဖြတ်ဖို့ချစ်သူကောင်လေးကိုကုန်းပိုးပေးခဲ့တဲ့အမျိုးသမီး
ချစ်သူရည်းစားတွေမှာတော့အချင်းချင်းအချစ်ပိုကြတာတွေ၊ရိုတတ်ကြတာတွေရှိပေမဲ့၊မိန်းခလေးအများစုကတော့ချစ်သူကောင်လေးရဲ့အချစ်ကိုပိုခံချင်ကြတာသဘာဝပင်မဟုတ်ပါလား။သို့ပေမဲ့ယခုတစ်ခေါက်social mediaမှာပျံ့နှံ့ခဲ့တဲ့အမျိုးသမီးငယ်လေးကတော့၊မိုးရေကြီးလို့ရေလျှံနေတဲ့လမ်းမကြီးပေါ်မှာလမ်းဖြတ်ကူးဖို့အတွက်၊ချစ်သူကောင်လေးကိုကုန်းပိုးပေးခဲ့တာကြောင့်netizenများကအံ့သြခဲ့ကြပါတယ်။
ထိုအမျိုးသမီးငယ်လေးဟာ၊လူသွားလူလာများပီးမိုးကြီးမှုကြောင့်ရေလျှံနေခဲ့တဲ့လမ်းမကြီးတစ်နေရာမှာ၊ချစ်သူကောင်လေးဟာ၎င်းရဲ့ရှူးဖိနပ်မဆိုချင်ဘူးဆိုတာကြောင့်၊ကောင်မလေးဖြစ်သူကကုန်းပိုးပီးလမ်းဖြတ်ကူးပေးခဲ့ပါတယ်။ကောင်မလေးရဲ့ချစ်သူကောင်လေးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကိုတော့သိသာစွာမြင်နေရပေမဲ့လဲ၊ပတ်ဝန်းကျင်ရဲ့အမြင်မှာကြည့်မလှခဲ့တာကြောင့်ကဲ့ရဲ့ခံခဲ့ရတာတော့အမှန်ပါပဲ။
ထိုစုံတွဲရဲ့ပုံလေးဟာsocial mediaမှာပျံ့နှံ့သွားတဲ့အခါမှာတော့၊ကောင်မလေးအစားကောင်လေးဟာယောက်ျားတန်မဲ့မဖြစ်သင့်တဲ့လုပ်ရပ်လို့မြင်မိတာကြောင့်၊ကဲ့ရဲ့ပြစ်တင်ခဲ့တဲ့netizenများရဲ့ရှုတ်ချမှုကိုခံနေခဲ့ရပါတယ်။
Leave a Reply