
မိုးတွေသဲကြီးမဲကြီးရွာနေပေမဲ့လည်း ထီးတစ်ချောင်းနဲ့ လမ်းဘေးမှာထိုင်ပြီး ဟင်းသီးဟင်ရွက်ရောင်းနေခဲ့ရတဲ့ အဘိုးအို
ပညာကောင်းမွန်စွာ မသင်ကြားခဲ့ရဘဲ ၊ ဝန်ထမ်းအလုပ်တွေတောင်မလုပ်လိုက်ရတဲ့အပြင် ပင်ပင်ပန်းပန်းကြီးပြင်းလာခဲ့ကြရတဲ့ သက်ကြီးရွယ်အိုတွေကို မကြာခဏတွေ့ဖူး ၊ မြင်ဖူးကြရမှာပါ ။ အချို့ အဘိုးအဘွားတွေဆိုရင် အိုးမင်းရင်ရော်တဲ့အထိ ပြန်ပြီးကျွေးမွေးပြုစုမဲ့ သားသမီးတွေမရှိလို့ နောက်ဆုံးနေ့အထိ ရုန်းကန်နေကြရတာပါ ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံက အဘိုးအိုတစ်ဦးဟာ မိုးတွေသဲကြီးမဲကြီးရွာပေမဲ့လည်း လုံးဝပင်ပန်းခြင်းမျိုးမရှိဘဲ လမ်းဘေးမှာ ထီးလေးတစ်ချောင်းနဲ့ ထိုင်ပြီး ဟင်းသီးဟင်ရွက်တွေရောင်းနေခဲ့ပါတယ် ။
အဘိုးအိုဟာ ဈေးဦးပေါက်သေးပုံမရသေးဘဲ ၊ သူ့ရဲ့တစ်နေ့တာ ဝင်ငွေ နဲ့ စားစရိတ်တွေက အဆိုပါ ရောင်းမထွက်သေးတဲ့ ဟင်းသီးဟင်းရွက်တွေကို မှီခိုနေရတဲ့ပုံစံလေးပါ ။ အဘိုးအိုလိုဖြစ်ရပ်မျိုး ကိုယ်တွေရဲ့နိုင်ငံ ၊ ကျေးလက်ရွာလေးတွေမှာ နေထိုင်တဲ့ အချို့သော အဘိုးအဘွားတွေနဲ့ဆင်တူတွေဘဲမို့ အဘိုးအိုရဲ့အဖြစ်ကိုမြင်လိုက်ရရုံနဲ့ ရင်ထဲမှာချက်ချင်းခံစားမိပြီးသားပါ ။ ဒါကြောင့် လမ်းပေါ် မိုးထဲလေထဲ ဈေးရောင်းနေကြတဲ့အဘိုးအဘွားတွေကိုမြင်ရင် စာဖတ်သူတွေအနေနဲ့ ဝယ်ပြီးအားပေးလိုက်ကြဖို့ နှိုးဆော်လိုက်ရပါတယ်နော် ။
Zawgyi
မိုးေတြသဲႀကီးမဲႀကီး႐ြာေနေပမဲ့လည္း ထီးတစ္ေခ်ာင္းနဲ႔ လမ္းေဘးမွာထိုင္ၿပီး ဟင္းသီးဟင္႐ြက္ေရာင္းေနခဲ့ရတဲ့ အဘိုးအို
ပညာေကာင္းမြန္စြာ မသင္ၾကားခဲ့ရဘဲ ၊ ဝန္ထမ္းအလုပ္ေတြေတာင္မလုပ္လိုက္ရတဲ့အျပင္ ပင္ပင္ပန္းပန္းႀကီးျပင္းလာခဲ့ၾကရတဲ့ သက္ႀကီး႐ြယ္အိုေတြကို မၾကာခဏေတြ႕ဖူး ၊ ျမင္ဖူးၾကရမွာပါ ။ အခ်ိဳ႕ အဘိုးအဘြားေတြဆိုရင္ အိုးမင္းရင္ေရာ္တဲ့အထိ ျပန္ၿပီးေကြၽးေမြးျပဳစုမဲ့ သားသမီးေတြမရွိလို႔ ေနာက္ဆုံးေန႔အထိ ႐ုန္းကန္ေနၾကရတာပါ ။ ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံက အဘိုးအိုတစ္ဦးဟာ မိုးေတြသဲႀကီးမဲႀကီး႐ြာေပမဲ့လည္း လုံးဝပင္ပန္းျခင္းမ်ိဳးမရွိဘဲ လမ္းေဘးမွာ ထီးေလးတစ္ေခ်ာင္းနဲ႔ ထိုင္ၿပီး ဟင္းသီးဟင္႐ြက္ေတြေရာင္းေနခဲ့ပါတယ္ ။
အဘိုးအိုဟာ ေဈးဦးေပါက္ေသးပုံမရေသးဘဲ ၊ သူ႔ရဲ႕တစ္ေန႔တာ ဝင္ေငြ နဲ႔ စားစရိတ္ေတြက အဆိုပါ ေရာင္းမထြက္ေသးတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို မွီခိုေနရတဲ့ပုံစံေလးပါ ။ အဘိုးအိုလိုျဖစ္ရပ္မ်ိဳး ကိုယ္ေတြရဲ႕ႏိုင္ငံ ၊ ေက်းလက္႐ြာေလးေတြမွာ ေနထိုင္တဲ့ အခ်ိဳ႕ေသာ အဘိုးအဘြားေတြနဲ႔ဆင္တူေတြဘဲမို႔ အဘိုးအိုရဲ႕အျဖစ္ကိုျမင္လိုက္ရ႐ုံနဲ႔ ရင္ထဲမွာခ်က္ခ်င္းခံစားမိၿပီးသားပါ ။ ဒါေၾကာင့္ လမ္းေပၚ မိုးထဲေလထဲ ေဈးေရာင္းေနၾကတဲ့အဘိုးအဘြားေတြကိုျမင္ရင္ စာဖတ္သူေတြအေနနဲ႔ ဝယ္ၿပီးအားေပးလိုက္ၾကဖို႔ ႏႈိးေဆာ္လိုက္ရပါတယ္ေနာ္ ။
Leave a Reply