
မိုးချုပ်ကာ ရာသီဥတုအေးသည့်နေ့မျိုးတွင် ခရီးဆောင်အိတ်ကိုယူပြီး အိမ်မှထွက်သွားရန် အမြဲကြိုးစားတတ်သည့် အသက်၂နှစ်အရွယ်ကလေးငယ်လေး၏အကျင့်
ကမ္ဘာပေါ်တွင် အတော်ဆုံးသော သိပ္ပံပညာရှင်များပင် မှန်ကန်တိကျအောင် ပြောမပြနိုင်သည့်အရာမှ စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုပင်ဖြစ်ပါတယ်။လူတို့၏စိတ်သည် အလွန်နားလည်ရခက်သကဲ့သို့ ခန့်မှန်းရန်မှာလည်း အလွန်ခက်ခဲလှပေသည်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Nguyen Nhat Hongဆိုသည့် အသက်၂နှစ်အရွယ် ကလေးငယ်လေး၏ အကျင့်တစ်ခုသည် လူတိုင်းကို အံ့သြသွားစေခဲ့ရပါတယ်။ကလေးမလေးဟာ ညနေမိုးချုပ်နေသည့်အချိန်မျိုးတွင် ရာသီဥတုအေးနေပြီဆိုပါက အနွေးထည်ထူထူတို့ကို ဝတ်ဆင်ပြီး ခရီးဆောင်အိတ်ကိုယူကာ နေအိမိမှ ထွက်သွားတတ်ပါတယ်။
မိဘများက ချော့ပြောသော်လည်း မရဖြစ်နေတတ်ပြီး ကလေးစိတ်ကျေနပ်အောင် ပေးသွားကာ မိဘတို့က နောက်မှ လိုက်ကြရသည်ဟု သိရပါတယ်။ကလေးငယ်လေး၏ အမူအကျင့်ဟာ အလွန်အံ့သြဖွယ်ကောင်းနေခဲ့ပြီး အခြားသူများအားလုံးအတွက်လည်း နားမလည်ဖြစ်နေခဲ့ရပါတယ်။
Leave a Reply