မိုးကြိုးပစ်ပြီးသေဆုံးသွားသော အမျိုးသားအား အသက်ပြန်ရှင်လာစေရန် နွားမစင်အောက်တွင် မြုပ်နှံပေးခဲ့သော အယူသီးမိသားစု

မိုးကြိုးပစ်ပြီးသေဆုံးသွားသော အမျိုးသားအား အသက်ပြန်ရှင်လာစေရန် နွားမစင်အောက်တွင် မြုပ်နှံပေးခဲ့သော အယူသီးမိသားစု

လောကကြီးတွင် ကံပါလာ၍ မိသားစုအဖြစ် ရေစက်ဆုံကာ အတူနေထိုင်ခဲ့ရပြီး သံယောဇဉ်များ ရှိလာကြစဉ် မထင်မှတ်ပဲ ခွဲခွာရမည်ဆိုပါက တော်တော်နှင့် မစွန့်လွှတ်နိုင်ကြပဲ ဖြစ်ကြရသည်။

ထို့ကြောင့် သေဆုံးသွားသော်လည်း အသက်ပြန်ရှင်လာမည့် နည်းလမ်းများ ကြားဖူးပါက ဖြစ်နိုင်ချေရှိမရှိကို ဘားမျှစဉ်းစားမနေပဲ တွေးပူပြီး အများပြောတိုင်း လိုက်လုပ်တတ်ကြသည်။

ယခုအခါတွင်လည်း အိန္ဒိယနိုင်ငံမှ Chhattisgarth ပြည်နယ်တွင် နေထိုင်သော Lakhanpur Mutkiအမည်ရှိသော အသက်၃၇နှစ်အရွယ် အမျိုးသားသည် တစ်ယောက်တည်း တောထဲသွားခဲ့ရာ ကံဆိုးစွာဖြင့် မိုးကြီးပြီးလေမုန်တိုင်းများ ပြင်းထန်ကာ မိုးကြိုးပစ်ချခံလိုက်ရသည်။

မိသားစုများမှလည်း စိုးရိမ်တကြီးဖြင့် အပြေးလွှားဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အကြောင်းမလှ၍ အသက်ရှိမနေခဲ့တော့ပါ။မိသားစုလည်း ရုပ်အလောင်းအား အိမ်သို့ပြန်သယ်ဆောင်လာခဲ့ပြီး မိုးကြိုးလျှပ်စီးနှင့် ထိတွေ့ခြင်းခံရသူများသည် နွားမစင်အောက်တွင် အချိန်ကြာစွာ နစ်မြုပ်ထားပေးပါက အသက်ပြန်ရှင်လာနိုင်ကြောင်း ကြားဖူးထားတာရှိခဲ့သည်။

ထို့ကြောင့် အယူသီးသော မိသားစုသည် ယုံကြည်ချက်အပြည့်နှင့် အမျိုးသားဧ။် ရုပ်အလောင်းအား နွားမစင်အောက်တွင် မြုပ်ထားကာ ဆုတောင်းရင်း ထိုင်စောင့်နေခဲ့ကြသော်လည်း အချိန်သာကုန်သွားပြီး အသက်ပြန်မရှင်နိုင်တော့တာကို လက်ခံလိုက်ကြရသည်။

Zawgyi

မိုးႀကိဳးပစ္ၿပီးေသဆုံးသြားေသာ အမ်ိဳးသားအား အသက္ျပန္ရွင္လာေစရန္ ႏြားမစင္ေအာက္တြင္ ျမဳပ္ႏွံေပးခဲ့ေသာ အယူသီးမိသားစု

ေလာကႀကီးတြင္ ကံပါလာ၍ မိသားစုအျဖစ္ ေရစက္ဆုံကာ အတူေနထိုင္ခဲ့ရၿပီး သံေယာဇဥ္မ်ား ရွိလာၾကစဥ္ မထင္မွတ္ပဲ ခြဲခြာရမည္ဆိုပါက ေတာ္ေတာ္ႏွင့္ မစြန႔္လႊတ္ႏိုင္ၾကပဲ ျဖစ္ၾကရသည္။

ထို႔ေၾကာင့္ ေသဆုံးသြားေသာ္လည္း အသက္ျပန္ရွင္လာမည့္ နည္းလမ္းမ်ား ၾကားဖူးပါက ျဖစ္ႏိုင္ေခ်ရွိမရွိကို ဘားမွ်စဥ္းစားမေနပဲ ေတြးပူၿပီး အမ်ားေျပာတိုင္း လိုက္လုပ္တတ္ၾကသည္။

ယခုအခါတြင္လည္း အိႏၵိယႏိုင္ငံမွ Chhattisgarth ျပည္နယ္တြင္ ေနထိုင္ေသာ Lakhanpur Mutkiအမည္ရွိေသာ အသက္၃၇ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ တစ္ေယာက္တည္း ေတာထဲသြားခဲ့ရာ ကံဆိုးစြာျဖင့္ မိုးႀကီးၿပီးေလမုန္တိုင္းမ်ား ျပင္းထန္ကာ မိုးႀကိဳးပစ္ခ်ခံလိုက္ရသည္။

မိသားစုမ်ားမွလည္း စိုးရိမ္တႀကီးျဖင့္ အေျပးလႊားေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း အေၾကာင္းမလွ၍ အသက္ရွိမေနခဲ့ေတာ့ပါ။မိသားစုလည္း ႐ုပ္အေလာင္းအား အိမ္သို႔ျပန္သယ္ေဆာင္လာခဲ့ၿပီး မိုးႀကိဳးလွ်ပ္စီးႏွင့္ ထိေတြ႕ျခင္းခံရသူမ်ားသည္ ႏြားမစင္ေအာက္တြင္ အခ်ိန္ၾကာစြာ နစ္ျမဳပ္ထားေပးပါက အသက္ျပန္ရွင္လာႏိုင္ေၾကာင္း ၾကားဖူးထားတာရွိခဲ့သည္။

ထို႔ေၾကာင့္ အယူသီးေသာ မိသားစုသည္ ယုံၾကည္ခ်က္အျပည့္ႏွင့္ အမ်ိဳးသားဧ။္ ႐ုပ္အေလာင္းအား ႏြားမစင္ေအာက္တြင္ ျမဳပ္ထားကာ ဆုေတာင္းရင္း ထိုင္ေစာင့္ေနခဲ့ၾကေသာ္လည္း အခ်ိန္သာကုန္သြားၿပီး အသက္ျပန္မရွင္ႏိုင္ေတာ့တာကို လက္ခံလိုက္ၾကရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*