
မိသားစုနှင့် အမှတ်တရဓာတ်ပုံအတွက် နာမည်ကြီး ဓာတ်ပုံဆရာအား ခေါ်ရိုက်မိလိုက်ရာမှ ထွက်လာသောပုံများကိုကြည့်ပြီး ရယ်မောနေရသည့် ဖြစ်ရပ်
လူတိုင်းသည် မိသားစု သူငယ်ချင်း အပေါင်းအသင်းများနှင့်အတူ တစ်နေရာရာသို့ သွားရောက်လည်ပတ်ခြင်း ခရီးထွက်ခြင်းတို့တွင် အမှတ်တရဖြစ်စေမည့် ဓာတ်ပုံလေးများ ရိုက်ကြသည်။
ယခုအခါတွင်လည်း မစ်ဆူရီမိသားစုမှ စိန့်လူးဝစ်သို့ သွားရောက်လည်ပတ်စဉ် အမှတ်တရ ဓာတ်ပုံလေးများ ရိုက်ကူးထားရန်အတွက် နာမည်ကြီး ပရော်ဖက်ရှင်နယ် အတွေ့အကြုံရှိသူ ဓာတ်ပုံဆရာအား ဒေါ်လာ ၂၅၀ပေး၍ ငှားသွားခဲ့သည်။
ထိုမိသားစုသည် ရိုးရိုးဓာတ်ပုံဆရာမှ ရိုက်ပေးသော ပုံများမှာ မလှမပဖြစ်မည်ကို စိုးရိမ်၍ ပရော်ဖက်ရှင်နယ်ဖြစ်သော အမျိုးသမီး ဓာတ်ပုံဆရာကို ငှားခဲ့ခြင်းဖြစ်ပြီး ကံဆိုးမိုးမှောင်ကျ သွားခဲ့သည်။မစ်ဆူရီမိသားစုလည်း ခရီးတွင် ပျော်ပျော်ရွှင်ရွှင်နှင့် ဓာတ်ပုံများစွာ ရိုက်ခဲ့ပြီး ပြန်အလာတွင် အမျိုးသမီး ဓာတ်ပုံဆရာမှ ဓာတ်ပုံများအား တစ်ရက် နှစ်ရက်နေရင် သူလာပို့မည်ဟု ဆိုခဲ့၍ ရင်ခုန်စွာနှင့် စောင့်မျှော်နေကြသည်။
နောက်ဆုံးတွင် ဓာတ်ပုံများ ရောက်ရှိလာပြီး ပထမဆုံးတစ်ပုံကို မြင်လိုက်သည်နှင့် ရယ်စရာပုံများထွက်လာသည်ကို အံ့သြရင်း ပေးလိုက်သော ဒေါ်လာ ၂၅၀မှာ ကျသင့်သည်ထက်များနေသော်လည်း ပြန်မအမ်းတော့နှင့်ဟု ဆိုခဲ့သည်။ထို့နောက် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို ငှားလိုက်မှ ရယ်စရာကောင်းသော ပုံများထွက်လာခြင်းကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Zawgyi
မိသားစုႏွင့္ အမွတ္တရဓာတ္ပုံအတြက္ နာမည္ႀကီး ဓာတ္ပုံဆရာအား ေခၚ႐ိုက္မိလိုက္ရာမွ ထြက္လာေသာပုံမ်ားကိုၾကည့္ၿပီး ရယ္ေမာေနရသည့္ ျဖစ္ရပ္
လူတိုင္းသည္ မိသားစု သူငယ္ခ်င္း အေပါင္းအသင္းမ်ားႏွင့္အတူ တစ္ေနရာရာသို႔ သြားေရာက္လည္ပတ္ျခင္း ခရီးထြက္ျခင္းတို႔တြင္ အမွတ္တရျဖစ္ေစမည့္ ဓာတ္ပုံေလးမ်ား ႐ိုက္ၾကသည္။
ယခုအခါတြင္လည္း မစ္ဆူရီမိသားစုမွ စိန႔္လူးဝစ္သို႔ သြားေရာက္လည္ပတ္စဥ္ အမွတ္တရ ဓာတ္ပုံေလးမ်ား ႐ိုက္ကူးထားရန္အတြက္ နာမည္ႀကီး ပေရာ္ဖက္ရွင္နယ္ အေတြ႕အႀကဳံရွိသူ ဓာတ္ပုံဆရာအား ေဒၚလာ ၂၅၀ေပး၍ ငွားသြားခဲ့သည္။
ထိုမိသားစုသည္ ႐ိုး႐ိုးဓာတ္ပုံဆရာမွ ႐ိုက္ေပးေသာ ပုံမ်ားမွာ မလွမပျဖစ္မည္ကို စိုးရိမ္၍ ပေရာ္ဖက္ရွင္နယ္ျဖစ္ေသာ အမ်ိဳးသမီး ဓာတ္ပုံဆရာကို ငွားခဲ့ျခင္းျဖစ္ၿပီး ကံဆိုးမိုးေမွာင္က် သြားခဲ့သည္။မစ္ဆူရီမိသားစုလည္း ခရီးတြင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ ဓာတ္ပုံမ်ားစြာ ႐ိုက္ခဲ့ၿပီး ျပန္အလာတြင္ အမ်ိဳးသမီး ဓာတ္ပုံဆရာမွ ဓာတ္ပုံမ်ားအား တစ္ရက္ ႏွစ္ရက္ေနရင္ သူလာပို႔မည္ဟု ဆိုခဲ့၍ ရင္ခုန္စြာႏွင့္ ေစာင့္ေမွ်ာ္ေနၾကသည္။
ေနာက္ဆုံးတြင္ ဓာတ္ပုံမ်ား ေရာက္ရွိလာၿပီး ပထမဆုံးတစ္ပုံကို ျမင္လိုက္သည္ႏွင့္ ရယ္စရာပုံမ်ားထြက္လာသည္ကို အံ့ၾသရင္း ေပးလိုက္ေသာ ေဒၚလာ ၂၅၀မွာ က်သင့္သည္ထက္မ်ားေနေသာ္လည္း ျပန္မအမ္းေတာ့ႏွင့္ဟု ဆိုခဲ့သည္။ထို႔ေနာက္ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံဆရာကို ငွားလိုက္မွ ရယ္စရာေကာင္းေသာ ပုံမ်ားထြက္လာျခင္းကို လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။
Leave a Reply