
မိသားစုတွက် ဝင်ငွေရဖို့ အလုပ်တွေ ကြိုးစားလုပ်နေရတဲ့ ၉နှစ်အရွယ်ကောင်လေးငယ်
ခုလိုချိန်ခါကာလမှာ ကလေးငယ်တွေအများစုက စာတွေကို online class မှာ သင်ယူနေကြပါတယ်။ ဒါပေမဲ့ ဒီကလေးငယ်လေးကတော့ သူ့ရဲ့မိသားစုအတွက် ဝင်ငွေရဖို့ အလုပ်လုပ်ရင်းစာတွေသင်ယူနေရတာပါ။ အင်ဒိုနီးရှားနိုင်ငံက mascotဝတ်စုံနဲ့ လမ်းမပေါ်မှာ အလုပ်လုပ်နေတဲ့ Rehan အမည်ရှိ ၉နှစ်အရွယ်ကောင်လေးငယ်ရဲ့ပုံကို Instagram အသုံးပြုသူ @rhmadii– က ဝေမျှပေးခဲ့တာပါ။
ကောင်လေးက အလုပ်တွေကြိုးစားလုပ်နေတာကြောင့် သူ့ရဲ့ ဝင်ငွေတွေရပြီး သူ့မိသားစုလိုအပ်ဒါလေးတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ Instagram အသုံးပြုသူ @rhmadi ရဲ့ ပြောဆိုချက်အရ သူမက ကောင်လေးငယ်နဲ့ စကားသွားပြောခဲ့ရာ အရုပ်အဝတ်အစားနဲ့ ဝတ်ဆင်ပြီး လမ်းဘေးမှာ အနားယူနေတဲ့ ကောင်လေးငယ်ကို ဓာတ်ပုံရိုက်ခဲ့လိုက်တာပါ။
နောက်ပြီး Rehan က နံနက်ခင်း အစောကြီးထပြီး Jalan Gatot Subroto မြို့မှာ mascot အလုပ်တစ်ခုကိုလုပ်ဖို့ နေ့စဉ်နေ့တိုင်း ၁၀ ကီလိုမီတာ လမ်းလျှောက်သွားခဲ့ရပါတယ်။ Rehab က မျိုးစုံသော Popular cartoon ဇာတ်ကောင်တို့ရဲ့ mascot ဝတ်စုံတွေကို နေ့တိုင်း ဝတ်ဆင်နေရတာပါ။
Rehan ဟာ သူ့ရဲ့ဝင်ငွေတွေကို စားစရာတွေ၊ သူ့မိသားစု လိုအပ်တာတွေကိုကူညီနိုင်ဖို့ နောက်ပြီး သူ့ရဲ့ ကျောင်းစရိတ်တွေအတွက် အသုံးပြုရတာပါ။ သူ့ရဲ့အမေက ကျရာကျပန်း အလုပ်ကြိုးစားနေတဲ့ သူ့ရဲ့သားလိမ္မာလေးကို ဂုဏ်ယူဖို့သာလိုပါတော့တယ်။ “ပိုက်ဆံတွေကမဆိုးဘူးနော်၊ အိမ်အတွက် ဆန်ထုပ်တွေကို ဝယ်ယူပေးနိုင်တယ်။” ဆိုပြီး ကောင်လေးက ပြောဆိုထားပါတယ်။
Leave a Reply