မိသားစုစားဝတ်နေရေးအတွက် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် ခင်ပွန်းသည် အိမ်သို့ ပြန်ရောက်လာခဲ့ပြီး သားနှင့်ဇနီးဖြစ်သူတို့ကို အံအားသင့်စေခဲ့သည့် ကြည်နူးဖွယ်မြင်ကွင်းလေး (ရုပ်သံ)

အိမ်ထောင်စုတစ်ခုတည်ထောင်ခြင်းသည် အလွန်မလွယ်ကူသော အရာပင်ဖြစ်သည်။မိသားစု၏ ပြသနာအမျိုးမျိုးတို့အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ခွန်အားများစွာ လိုအပ်လှပေသည်။

မလေးရှားနိုင်ငံတွင်လည်း အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားသည် မိသားစု၏ စားဝတ်နေရေးနှင့် သားသမီးတို့၏ အနာဂတ် သာယာလှပစေရန်အတွက် ရေခြားမြေခြား သူတစ်ပါးတိုင်းပြည်သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ပါသည်။

မိဘတိုင်သည် သားသမီးနှင့်အတူ ပျော်ရွင်စွာ နေထိုင်ချင်သော်လည်း လောကတွင်အရေးပါသော ငွေကြေးတစ်ခုအတွက် မိသားစု၏ အဝေးတွင် သွားရောက်လုပ်ကိုင်နေရခြင်းပင်ဖြစ်သည်။
ယခုတွင် မလေးရှားမှ ဖခင်တစ်ဦးသည်လည်း စင်္ကာပူနိုင်ငံသို့သွားရောက်ကာ အလုပ်လုပ်ကိုင်နေပြီး မိသားစုထံသို့ ပြန်လာခဲ့ပါသည်။

ခင်ပွန်းဖြစ်သူ ပြန်လာသည်ကို မြင်တွေ့လိုက်သောအခါ ဇနီးဖြစ်သူသည် ချက်ချင်းမျက်ရည်များ ထွက်ကျလာခဲ့ပြီး စကားပင်မပြောနိုင်ပဲရှိနေခဲ့သည်။ယခင်အဝေးရောက်နေစဥ်က ဖုန်းနဲ့သာ အဆက်အသွယ်ရှိခဲ့သော်လည်း အလွမ်းများဖြေမဆယ်နိုင်သည်ကို ဇနီးဖြစ်သူ၏ မျက်ရည်များတွင် တွေ့နိုင်ပေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*