
Bailey အမည်ရှိတဲ့ခွေးလေးဟာ တစ်နှစ်ပြီးတစ်နှစ် သူ့မိသားစုနဲ့အတူ ရှည်လျားပြီးပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းလာခဲ့ပါတယ်။အချိန်တွေအများကြီး ကုန်လွန်သွားခဲ့ပေမဲ့ Baileyရဲ့လူသားမိသားစုဟာ Bailey ခံစားရတဲ့ပျော်ရွှင်မှုကို မလျော့နည်းသွားစေချင်ခဲ့ပါဘူး။
ဒါကြောင့် သူတို့ဟာ ခွေးလေးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာက တစ်နှစ်ပြီး တစ်နှစ် ခိုင်မာလာခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်မှာ Bailey က အသက် ၁၃ နှစ်ပြည့်သွားခဲ့ပါပြီ။
အသက်ပြည့်တိုင်း တစ်နှစ်ပြီးတစ်နှစ် မွေးနေ့ ၁၂ ခုလုံး လုပ်လာခဲ့ရပေမဲ့လည်း အခု ၁၃ နှစ်ပြည့်မွေးနေ့ပွဲမှရရှိတဲ့ သူ့ရဲ့စိတ်လှုပ်ရှားမှုပုံစံကိုကြည့်ပုံအရ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်မယ်လို့တောင် အလွယ်တကူ စိတ်ထင်သွားနိုင်ပါတယ်။
ခွေးလေးက အတော်လေး စိတ်လှုပ်ရှားနေခဲ့တာပါ ။Bailey ရဲ့မိသားစုအတွက် အဆိုပါနေ့မှာ ချစ်စဖွယ်ကောင်းတဲ့ Bailey ရဲ့အမူအရာ နှင့် သူ့ဘဝတစ်ခုလုံးပေးအပ်ထားတဲ့ ပျော်ရွှင်မှုကို တွေ့မြင်ရပါတယ်။
” ငါတို့ကောင်လေး Bailey ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့ပဲ! သူက ငါတို့ကို အများကြီးရွှင်လန်းစေတယ် ၊ ငါတို့သူ့ကိုချစ်တယ် “လို့ သူ့မိသားစုက ချစ်ကြောင်းစာစောင်နဲ့ social mediaမှာ မျှဝေခဲ့ပါတယ်။
Bailey အား သူ့ရဲ့အထူးနေ့မှာ ကိတ်မုန့် နှင့် လက်ဆောင်တွေ နှစ်သက်လား ၊ မနှစ်သက်လားကို မေးခွန်းထုတ်စရာမလိုပေမဲ့ Bailey ရဲ့ပတ်ဝန်းကျင်မှာ သူ့ကိုချစ်မြတ်နိုးတဲ့လူတွေအားလုံးရှိနေတာကိုကြည့်ခြင်းအားဖြင့် သူအစစ်အမှန်ပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော်တို့ သေချာစွာသိနိုင်ပါတယ်။
Leave a Reply