မိသားစုက ငွေကြေးမတတ်နိုင်လို့ ငှက်ပျောသီး 3 လုံးထဲနဲ့ ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ ကလေးငယ်

မိသားစုက ငွေကြေးမတတ်နိုင်လို့ ငှက်ပျောသီး 3 လုံးထဲနဲ့ ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ ကလေးငယ်

ကလေးငယ်တွေအတော်များများက လက်ရှိပျော်ရွှင်မှုကိုသာ အလေးထားပြီး တင်းတိမ်ရောင့်ရဲတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးငယ်ဟာဆိုရင်လည်း မိဘတွေက ငွေကြေးလုံးဝမတတ်နိုင်တဲ့အဆုံး ၊ ကလေးငယ်ရဲ့ မွေးနေ့အတွက် ထမင်းပေါင်းအိုးကိုမှောက်ပြီး ငှက်ပျောသီး 3 လုံး တင်ထားကာ ဖယောင်းတိုင်လေး ထွန်းပြီး မွေးနေ့ပွဲကျင်းပပေးခဲ့ပါတယ် ။

ကလေးငယ်ကတော့ ပျေည်ပျော်ရွှင်ရွှင်နဲ့ သီချင်းသီဆိုနေခဲ့တာပါ ။ ကလေးငယ်ရဲ့ မိဘတွေက အဆိုပါ video ကို ဝေမျှခဲ့ပြီး ‘ ကျွန်တော့်ရဲ့ 3 နှစ်သားအရွယ်သမီးလေးအတွက် ဆုတောင်းပေးကြပါအုံး ၊ ဒါက သူမရဲ့မွေးနေ့ပါ ၊ ကျွန်တော်ဆက်ပြီး အလုပ်မလုပ်ရလို့ပါ ‘ ဆိုတဲ့ စာသားလေးကိုပါ ရေးသားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်လေးက မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေတွေကြောင့် မိဘတွေ အလုပ်ရပ်နားထားရတာပဲ ဖြစ်ပါတယ် ။ မိဘတွေအနားမှာရှိနေလို့ ကလေးငယ်ရဲ့မျက်နှာလေးဟာ အတော်လေးတောက်ပနေပြီး ပြုံးပြုံးရွှင်ရွှင်သီချင်းသီဆိုနေတဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာအပြည့်အဝခံစားရတဲ့ ကလေးငယ်လေးဖြစ်မှန်း သိသာလွန်းလှပါတယ် ။

Zawgyi

မိသားစုက ေငြေၾကးမတတ္ႏိုင္လို႔ ငွက္ေပ်ာသီး 3 လုံးထဲနဲ႔ ဖေယာင္းတိုင္ေလးထြန္းၿပီး ေမြးေန႔ပြဲက်င္းပခဲ့တဲ့ ကေလးငယ္


ကေလးငယ္ေတြအေတာ္မ်ားမ်ားက လက္ရွိေပ်ာ္႐ႊင္မႈကိုသာ အေလးထားၿပီး တင္းတိမ္ေရာင့္ရဲတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ကေလးငယ္ဟာဆိုရင္လည္း မိဘေတြက ေငြေၾကးလုံးဝမတတ္ႏိုင္တဲ့အဆုံး ၊ ကေလးငယ္ရဲ႕ ေမြးေန႔အတြက္ ထမင္းေပါင္းအိုးကိုေမွာက္ၿပီး ငွက္ေပ်ာသီး 3 လုံး တင္ထားကာ ဖေယာင္းတိုင္ေလး ထြန္းၿပီး ေမြးေန႔ပြဲက်င္းပေပးခဲ့ပါတယ္ ။

ကေလးငယ္ကေတာ့ ေပ်ည္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သီခ်င္းသီဆိုေနခဲ့တာပါ ။ ကေလးငယ္ရဲ႕ မိဘေတြက အဆိုပါ video ကို ေဝမွ်ခဲ့ၿပီး ‘ ကြၽန္ေတာ့္ရဲ႕ 3 ႏွစ္သားအ႐ြယ္သမီးေလးအတြက္ ဆုေတာင္းေပးၾကပါအုံး ၊ ဒါက သူမရဲ႕ေမြးေန႔ပါ ၊ ကြၽန္ေတာ္ဆက္ၿပီး အလုပ္မလုပ္ရလို႔ပါ ‘ ဆိုတဲ့ စာသားေလးကိုပါ ေရးသားခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ေလးက မေလးရွားႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ အေျခအေနေတြေၾကာင့္ မိဘေတြ အလုပ္ရပ္နားထားရတာပဲ ျဖစ္ပါတယ္ ။ မိဘေတြအနားမွာရွိေနလို႔ ကေလးငယ္ရဲ႕မ်က္ႏွာေလးဟာ အေတာ္ေလးေတာက္ပေနၿပီး ၿပဳံးၿပဳံး႐ႊင္႐ႊင္သီခ်င္းသီဆိုေနတဲ့ပုံစံကိုၾကည့္ျခင္းအားျဖင့္ ခ်စ္ျခင္းေမတၱာအျပည့္အဝခံစားရတဲ့ ကေလးငယ္ေလးျဖစ္မွန္း သိသာလြန္းလွပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*