
Covid-19 ဟာ ဘယ်သူမဆို လူတိုင်းကို အလုပ်ဈေးကွက်ထဲဝင်ဖို့ မလွယ်ကူစေနေပါဘူး။လူအများစုက အလုပ်မှအနားယူခဲ့ရပြီး စီးပွါးရေးအခြေအနေဆိုးရွားနေတဲ့ မိသားစုတွေအတွက် ဘယ်လိုထောက်ပံ့ရမှာကို တွေးပူနေကြရပါတယ်။
Nur Shareen Mohd အမည်ရှိတဲ့လေယာဉ်မယ်တစ်ဦးဟာ ပထမဆုံး MCO ကိုအကောင်အထည်ဖော်နေတုန်း ကုမ္ပဏီက မတ်လမှာ ဘတ်ဂျက်ဖြတ်တောက်ဖို့ ဖိအားပေးခံခဲ့ရတဲ့အတွက်ကြောင့် သူမဟာ လေကြောင်းလိုင်းမှနုတ်ထွက်ခဲ့ပါတယ်။Single Mother တစ်ဦးလည်းဖြစ်တဲ့ Shareen ဟာ သူမအလုပ်ထွက်ပြီးနောက် မိသားစုကိုထောက်ပံ့နိုင်ဖို့ အခြားနည်းလမ်းတွေကိုစဉ်းစားရမယ်လို့ အမြဲတွေးတောနေခဲ့ရပါတယ်။
ဒီ၂၀၂၀ ခုနှစ်က ဆိုးရွားလွန်းတဲ့အတွက်ကြောင့် အခြားအလုပ်ရှာနေတုန်း သူမဟာ နေ့လည်စာထမင်းဘူးကို ရောင်းချခဲ့ရပြီး လေကြောင်းအရာရှိဟောင်းဖြစ်တဲ့ သူမရဲ့မိခင်ကလည်း အချက်အပြုတ်အရမ်းတော်တဲ့သူတစ်ယောက်မို့ သူမအတွက် ပိုအဆင်ပြေသွားစေခဲ့ပါတယ်။ဒါကြောင့် သူမရဲ့ပထမဆုံးစမ်းသပ်မှုအဖြစ် အစားအစာမျိုးစုံကို ရောင်းချခဲ့ပေမဲ့လည်း သူမရဲ့ကြိုးပမ်းမှုဟာ အောင်မြင်တဲ့ရောင်းအားမရခဲ့ရပါဘူး
။ဒီတော့ Shareen က သူမရဲ့Menu ကိုအမျိုးမျိုးပြောင်းထုတ်ပြီး ပန်းကန်တစ်ခုတည်းကိုပဲအဓိကအာရုံစိုက်နိုင်ရင် ပိုကောင်းလိမ့်မယ်လို့ထင်နေခဲ့ပါသေးတယ်။Nasi Kukus Pramugari လို့ ဆိုင်ခန်းကိုနာမည်ပေးပြီးနောက်မှာတော့ Shareen ရဲ့အကြောင်းဟာ လူသိများသွားခဲ့ပါတယ်။
အဲ့ဒီနောက် အင်တာနက်ကျေးဇူးကြောင့် သူမရဲ့စီးပွါးရေးအခြေအနေကောင်းလာခဲ့ပြီး တစ်နေ့ကို pack ၁၀၀ ပျမ်းမျှရောင်းနေရပါတယ်။နိုဝင်ဘာ ၁၂ ရက်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက Shareen ရဲ့စီးပွားရေးအကြောင်းကို Twitter မှာတင်ခဲ့ပြီးနောက်မှာလည်း Shareenက အင်တာနက်အသုံးပြုသူတွေထံမှရရှိတဲ့ထောက်ပံ့မှုနှင့်ပတ်သက်ပြီး သူမရဲ့အသေးစားစီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ကိုရိုနာလုပ်လိုက်လို့ ဘယ်လောက်ဘဲ ဝင်ငွေကောင်းတဲ့အလုပ်ဖြစ်ပါစေ အလုပ်ထွက်လိုက်ရတာပါဘဲ။အောက်ခြေလူတန်းစားတွေဆို ဘယ်လောက်များတောင် အခက်တွေ့နေကြလိုက်မလဲ။
Leave a Reply