မိသားစုကိုထောက်ပံ့နိုင်ဖို့ လက်သေးသေးလေးနဲ့ တစ်ရက်ကိုဖက်ထုပ် အခုပေါင်း တစ်သောင်းခန့်ပြုလုပ်နိုင်တဲ့ 8 နှစ်အရွယ်ကောင်လေး (ရုပ်သံ)

မိသားစုကိုထောက်ပံ့နိုင်ဖို့ လက်သေးသေးလေးနဲ့ တစ်ရက်ကိုဖက်ထုပ် အခုပေါင်း တစ်သောင်းခန့်ပြုလုပ်နိုင်တဲ့ 8 နှစ်အရွယ်ကောင်လေး (ရုပ်သံ)

Liu Minghui အမည်ရှိတဲ့ 8 နှစ်အရွယ်ကောင်လေးဟာ သူ့ရဲ့လက်သေးသေးလေးနဲ့ တစ်ရက်ကို ဖက်ထုပ်အခုပေါင်း တစ်သောင်းခန့်ပြုလုပ်နိုင်ကြောင်းသိရပါတယ် ။ သူဟာ အဘိုးအဘွားတွေရဲ့ ဖက်ထုပ်ဆိုင်မှာ 6 နှစ်သားအရွယ်ကတည်းက စပြီး ဝင်ကူညီပေးခဲ့ရာ အခုဆိုရင် 2 နှစ်ခန့်ရှိနေပါပြီ ။ ဒါကြောင့် ဖက်ထုပ်ပြုလုပ်တဲ့စွမ်းရည်ကလည်း အတော်လေးကို တိုးတက်လာခဲ့ပါတယ် ။ သူတို့ရဲ့မြို့ငယ်လေးမှာ အဘိုးအဘွားဖြစ်သူတို့က ဖက်ထုပ်ဆိုင်လေးဖွင့်ထားပြီး တစ်ရက်ကို အပွဲပေါင်း 400 ခန့်ရောင်းချရကာ တစ်ပွဲကို ဖက်ထုပ် အခု 30 ခန့်ပါရှိကြောင်း သိရပါတယ် ။

Liu ရဲ့ အဘိုးဖြစ်သူပြောပြချက်အရ Liu နဲ့ သူ့ရဲ့ညီမဖြစ်သူတို့ဟာ မွေးကင်းစအရွယ်ကတည်းက အဘိုးအဘွားနဲ့အတူ နေထိုင်လာခဲ့ကြတာပါ ။ နှစ်ယောက်လုံးက အသိတရားရှိတဲ့ကလေးတွေဖြစ်တဲ့အပြင် ပညာရေးမှာလည်း ထူးချွန်လို့ သူတို့လေးကိုပြုစုစောင့်ရှောက်ရတာ အခက်အခဲလုံးဝမရှိကြောင်း အဘိုးဖြစ်သူက ပြောပြခဲ့ပါတယ် ။

တစ်ရက်မှာတော့ အဘိုးဖြစ်သူ ဖက်ထုပ်လုပ်နေတာကို Liu က အနီးကပ်လာရောက်ကြည့်ရှုပြီး အဘိုးကို အကူအညီပေးချင်ကြောင်း ပြောဆိုလာခဲ့ပါတယ် ။ အဘိုးဖြစ်သူကလည်း ဖက်ထုပ်လုပ်နည်းကို သင်ပေးပြီးနောက်ပိုင်း Liu လေး စိတ်ဝင်တစားလိုက်လုပ်နေတာကို တွေ့ခဲ့ရပါတယ် ။ ‘အခုဆိုရင် ကြည့်ပါအုံး.. စားဖိုမှူးဖြစ်တဲ့ ကျွန်တော့်ထက်တောင် သာနေပြီ ‘ဆိုပြီး အဘိုးဖြစ်သူက ချီးကျူးခဲ့ပါတယ် ။ Liu လေးကတော့ တစ်နေ့တစ်နေ့ ဖက်ထုပ်လုပ်နေရတာကို မငြီးငွေ့ပဲ ၊ ဖက်ထုပ်များများရောင်းပြီး ပိုက်ဆံများများရှာမယ် ပြီးရင် မိသားစုကို ထောက်ပံ့ပြီး ၊ ညီမလေးအတွက် အဝတ်အစားတွေ ဝယ်ပေးမယ်ဆိုပြီး ပြောပြခဲ့ပါတယ် ။

Zawgyi

မိသားစုကိုေထာက္ပံ့ႏိုင္ဖို႔ လက္ေသးေသးေလးနဲ႔ တစ္ရက္ကိုဖက္ထုပ္ အခုေပါင္း တစ္ေသာင္းခန႔္ျပဳလုပ္ႏိုင္တဲ့ 8 ႏွစ္အ႐ြယ္ေကာင္ေလး (႐ုပ္သံ)


Liu Minghui အမည္ရွိတဲ့ 8 ႏွစ္အ႐ြယ္ေကာင္ေလးဟာ သူ႔ရဲ႕လက္ေသးေသးေလးနဲ႔ တစ္ရက္ကို ဖက္ထုပ္အခုေပါင္း တစ္ေသာင္းခန႔္ျပဳလုပ္ႏိုင္ေၾကာင္းသိရပါတယ္ ။ သူဟာ အဘိုးအဘြားေတြရဲ႕ ဖက္ထုပ္ဆိုင္မွာ 6 ႏွစ္သားအ႐ြယ္ကတည္းက စၿပီး ဝင္ကူညီေပးခဲ့ရာ အခုဆိုရင္ 2 ႏွစ္ခန႔္ရွိေနပါၿပီ ။ ဒါေၾကာင့္ ဖက္ထုပ္ျပဳလုပ္တဲ့စြမ္းရည္ကလည္း အေတာ္ေလးကို တိုးတက္လာခဲ့ပါတယ္ ။ သူတို႔ရဲ႕ၿမိဳ႕ငယ္ေလးမွာ အဘိုးအဘြားျဖစ္သူတို႔က ဖက္ထုပ္ဆိုင္ေလးဖြင့္ထားၿပီး တစ္ရက္ကို အပြဲေပါင္း 400 ခန႔္ေရာင္းခ်ရကာ တစ္ပြဲကို ဖက္ထုပ္ အခု 30 ခန႔္ပါရွိေၾကာင္း သိရပါတယ္ ။

Liu ရဲ႕ အဘိုးျဖစ္သူေျပာျပခ်က္အရ Liu နဲ႔ သူ႔ရဲ႕ညီမျဖစ္သူတို႔ဟာ ေမြးကင္းစအ႐ြယ္ကတည္းက အဘိုးအဘြားနဲ႔အတူ ေနထိုင္လာခဲ့ၾကတာပါ ။ ႏွစ္ေယာက္လုံးက အသိတရားရွိတဲ့ကေလးေတြျဖစ္တဲ့အျပင္ ပညာေရးမွာလည္း ထူးခြၽန္လို႔ သူတို႔ေလးကိုျပဳစုေစာင့္ေရွာက္ရတာ အခက္အခဲလုံးဝမရွိေၾကာင္း အဘိုးျဖစ္သူက ေျပာျပခဲ့ပါတယ္ ။

တစ္ရက္မွာေတာ့ အဘိုးျဖစ္သူ ဖက္ထုပ္လုပ္ေနတာကို Liu က အနီးကပ္လာေရာက္ၾကည့္ရႈၿပီး အဘိုးကို အကူအညီေပးခ်င္ေၾကာင္း ေျပာဆိုလာခဲ့ပါတယ္ ။ အဘိုးျဖစ္သူကလည္း ဖက္ထုပ္လုပ္နည္းကို သင္ေပးၿပီးေနာက္ပိုင္း Liu ေလး စိတ္ဝင္တစားလိုက္လုပ္ေနတာကို ေတြ႕ခဲ့ရပါတယ္ ။ ‘အခုဆိုရင္ ၾကည့္ပါအုံး.. စားဖိုမႉးျဖစ္တဲ့ ကြၽန္ေတာ့္ထက္ေတာင္ သာေနၿပီ ‘ဆိုၿပီး အဘိုးျဖစ္သူက ခ်ီးက်ဴးခဲ့ပါတယ္ ။ Liu ေလးကေတာ့ တစ္ေန႔တစ္ေန႔ ဖက္ထုပ္လုပ္ေနရတာကို မၿငီးေငြ႕ပဲ ၊ ဖက္ထုပ္မ်ားမ်ားေရာင္းၿပီး ပိုက္ဆံမ်ားမ်ားရွာမယ္ ၿပီးရင္ မိသားစုကို ေထာက္ပံ့ၿပီး ၊ ညီမေလးအတြက္ အဝတ္အစားေတြ ဝယ္ေပးမယ္ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*