မိသားစုကဆင်းရဲပြီး စာအုပ်ဖိုးမတတ်နိုင်တာကြောင့် မှတ်စုရေးနိုင်ဖို့ ဌက်ပျောရွက်ကို အသုံးပြုခဲ့တဲ့ကျောင်းသား (ရုပ်သံ)

ကျောင်းသားအများစုဟာ သူတို့မိဘတွေဝယ်ပေးတဲ့ ကျောင်းသုံးကိရိယာပစ္စည်းတွေကို ပြည့်ပြည့်စုံစုံနဲ့ အသုံးပြုကြရပါတယ်။ကံမကောင်းစွာနဲ့ ကလေးအချို့ဟာ ကံမကောင်းပေမဲ့ ဒီကျောင်းသားတစ်ဦးကတော့ ဆင်းရဲနွမ်းပါးမှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပြောင်းလဲအသုံးချခဲ့ပါတယ်။အဆိုပါကျောင်းသားဟာ မှတ်စုစာအုပ်မတတ်နိုင်တဲ့အချိန်မှာ ကြံဖန်တီထွင်ခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ Lianga အမျိုးသားဘက်စုံကျောင်းက Erlande Monterအမည်ရှိတဲ့ အဆိုပါကျောင်းသားဟာ ပညာရေးကို လက်မလွှတ်ချင်သူဖြစ်ပြီး ရေးထည့်ဖို့မှတ်စုစာအုပ်မရှိတာကြောင့် သူ့ရဲ့ဖျက်ထွန်းဉာဏ်ကို အသုံးချကာ သက်သေပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အံ့ဩစရာကောင်းလောက်အောင် အဆိုပါလိမ္မာပါးနပ်တဲ့ကျောင်းသားဟာ ဌက်ပျောရွက်အချို့ကို ယူလာပြီး အတန်းထဲမှာ သူ့ရဲ့မှတ်စုစာတွေကို ဌက်ပျောရွက်ပေါ်ချရေးပြခဲ့တာပါ။

သူ့ရဲ့အကြောင်းကို သူ့ဆရာမ Arcilyn Azarconက Facebook ပေါ် မျှဝေခဲ့ပါတယ်။Azarconက ကျောင်းသားတွေကို မှတ်စုကူးဖို့ ညွှန်ကြားခဲ့ပြီး အတန်းထဲလှည့်ပတ်ကြည့်ရင်း ဌက်ပျောရွက်ထဲ မှတ်စုရေးထည့်နေတဲ့ Monterကို တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ Monterက သူ့လုပ်ရပ်ကို ရှက်မနေခဲ့ဘဲ သူရေးတဲ့မှတ်စုက မှန်ရဲ့လားဆိုတာကို စစ်ဆေးပေးဖို့ ဆရာမကို နောက်ပြောင်မေးမြန်းခဲ့ပါသေးတယ်။

အဆိုပါAzarconရဲ့ပိုစ့်ဟာ social media ပေါ်ချက်ချင်းပျံ့နှံ့သွားပြီး Monterရဲ့လိမ္မာပါးနပ်မှုကို အင်တာနက်အသုံးပြုသူတွေက အားပေးချီးကျူးခဲ့ကြပါတယ်။Monterဟာ ကောင်းမွန်တဲ့ပညာရေးကို ရလိုတာကြောင့် သူကြီးလာရင် စစ်သားတစ်ယောက်ဖြစ်ချင်ကြောင်း ဆိုထားပါသေးတယ်။မိသားစုက ဆင်းရဲနေပေမဲ့ Monterဟာ ဆင်းရဲမှုကြောင့် သူ့အိမ်မက်ကို လက်လွှတ်မခံရဖို့ အခိုင်အမာ စိတ်ဆုံးဖြတ်ထားခဲ့တာပါ။

Monterရဲ့ဇာတ်လမ်းဟာ ဆင်းရဲခြင်းက လူတစ်ယောက်ရဲ့အိမ်မက်တွေအတွက် အတားအဆီးတစ်ခုဖြစ်နေတယ်လို့တွေးထင်နေတဲ့ဘယ်သူမဆိုအတွက် အမှန်တကယ် လှုံဆော်မှုတစ်ခုဖြစ်စေပါတယ်။အဆိုပါငယ်ရွယ်ထက်မြက်တဲ့ကျောင်းသားလည်း သူ့ရဲ့ရှေ့ဆက်မယ့်ဘဝပန်းတိုင်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်မယ်လို့လည်း မျှော်လင့်နေမိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*