မိမိရဲ့ကိုယ်ပိုင်အိမ်ကို းတစ်ယောက်တည်းဆောက်လုပ်ခဲ့တဲ့ ၂၆နှစ်အရွယ် အာဂအမျိုးသမီး

မိမိရဲ့ကိုယ်ပိုင်အိမ်ကို းတစ်ယောက်တည်းဆောက်လုပ်ခဲ့တဲ့ ၂၆နှစ်အရွယ် အာဂအမျိုးသမီး

ပြီးခဲ့တဲ့လမှာ တောင်အာဖရိနိုင်ငံက အမျိုးသမီးများနေ့ကို ကျင်းပခဲ့ပြီး Pietermaritzburg မြို့က Zama Philisiwe Zungu လို့ခေါ်တဲ့ ၂၆ နှစ်အရွယ်အမျိုးသမီးတစ် ဦးဟာ ယခုနှစ်အခမ်းအနားအတွက် ပိုစတာမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့အိမ်တွေကို တိုးချဲ့လုပ်ဆောင်ရန် တစ်ကိုယ်တည်း အလုပ်လုပ်နေတဲ့ ဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ် နဲ့ အခြားလူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

သူမဟာ တိုင်းတာမှုတွေ အပါအဝင် ဆောက်လုပ်ရေးအုတ်မြစ်တွေကိုပါ သူကိုယ်တိုင်တပ်ထားပြီး ဘိလပ်မြေတွေကို ပြင်ဆင်နေခြင်းအားဖြင့် သူမကို ချီးမွမ်းခြင်းများစွာ ရစေရုံသာမက အခြားအမျိုးသမီးတွေအတွက်လည်း သူတို့ရဲ့အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ဖို့ လှုံဆော်မှု တစ်ခုလည်းဖြစ်ပါတယ်။

အရင်ချိန်တုန်းက သူမဟာ ဆောက်လုပ်ရေးအတွက် စိတ်အားထက်သန်ခဲ့တာကြောင့် အမွေဆက်ခံခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အင်ဂျင်နီယာတစ်ယောက်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့မွေးရပ်မြေမြို့မှာရှိတဲ့ Umgungundlovu TVET ကောလိပ်မှာ တက်ရောက်ခဲ့ပါတယ်။ Zama ဟာ ယခင်ကဆောက်လုပ်ရေးလုပ်ငန်းမှာ တစ်ခါမျှ အလုပ်လုပ်ခဲ့ဖူးခြင်း မရှိပေမဲ့လည်း ကောလိပ်ကျောင်းမှာ အောင်မြင်ခဲ့ပြီး လက်တွေလုပ်ဆောင်မှာအနေနဲ့ သူမရဲ့အိမ်တိုးချဲ့ခြင်းကို ကိုယ်တိုင်တည်ဆောက်နိုင်လိမ့်မယ် လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။

သူမက ကိုယ်ကိုတိုင် အိပ်ကိုပြန်ပြီး တည်ဆောက်ရတာဟာ အလွန်ဘဲ ပျော်စရာကောင်းပါတယ် လို့လည်း ပြောလာခဲ့ပါတယ်။ အခုဆိုရင် Zama Philisiwe Zungu ဟာ သူမကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရန်စိတ်ကူးနေပါပြီ ။ သူမက အင်ဂျင်နီယာလုပ်ငန်းကို အမျိုးသမီးတွေ ပိုမိုပါ ၀ င်စေရန် ရည်ရွယ်ချက်တစ်ခုအနေနဲ့ တည်ထောင်ရန်ဖြစ်ပါတယ်။

“ သင်လုပ်သမျှ အရာတိုင်းမှာ အကောင်းဆုံးအရာတစ်ခုလို့ အမြဲတမ်းမှတ်ထားပါ၊ သင်လုပ်ဆောင်တဲ့အရာမှာ သင့်စိတ်နှလုံးသားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ အမြဲတမ်းကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားပါ” လို့လည်း Zungu က အခြားအမျိုးသမီးတွေအတွက် အကြံပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*