မိမိမှာတစ်နေကုန် မြို့အနှံဆိုင်ကယ်မောင်းနေရသောကြောင့် ဇနီးနှင့် သားသမီးတို့၏ ရုပ်ပုံလေးကို ဆိုင်ကယ်ရှေ့တွင်ကပ်ထားပြီး အမြဲအတူရှိနေပေးတဲ့ ဖခင်အမျိုးသား

မိမိမှာတစ်နေကုန် မြို့အနှံဆိုင်ကယ်မောင်းနေရသောကြောင့် ဇနီးနှင့် သားသမီးတို့၏ ရုပ်ပုံလေးကို ဆိုင်ကယ်ရှေ့တွင်ကပ်ထားပြီး အမြဲအတူရှိနေပေးတဲ့ ဖခင်အမျိုးသား

မိမိတို့ကိုယ်တိုင် သားသမီးများမွေးဖွားလာပြီးသည့်နောက်တွင် ဖခင်တို့၏ မေတ္တာကို ပိုမိုနားလည်လာမည်ဖြစ်ပေသည်။မိဘတို့သည် သားသမီးတို့ကို ၂၄နာရီလုံးလုံး ရင်ထဲတွင် အမြဲသိမ်းထားကာ အရာရာအတွက် စိတ်ပူပေးရင်း ချစ်နေကြပေသည်။

ယခုတွင်လည်း အစားအသောက်များကို လိုက်လံပို့ဆောင်သည့် လုပ်ငန်းကိုလုပ်ကိုင်နေသည့် ဖခင်တစ်ဦး၏ သားသမီးတို့အပေါ်ထားသော မေတ္တာသည် အလွန်ပင်ကြီးမားလှပေသည်။ထိုအမျိုးသားဟာ တစ်နေကုန်လုံးကို မြို့အနှံအစားအသောက်များကို လိုက်လံပို့ဆောင်ပေးရင် မိသားစုကို အချိန်မပေးနိုင်ခဲ့ပေ။

ထို့ကြောင့် ဇနီးနှင့် သားသမီးတို့၏ ဓာတ်ပုံလေးကို အစားအသောက်များပို့ဆောင်သော ဆိုင်ကယ်လေးရှေ့တွင် ကပ်ထားကာ အတူတူရှိနေပေးခဲ့သည်။လူတိုင်းဟာ ချစ်ရတဲ့ သားသမီးများနှင့် အတူတူနေချင်သော်လည်း သားသမီးတို့၏ ဘဝရှေ့ရေးအတွက် ကြိုးစားပေးနေရသော ဖခင်တို့၏ မေတ္တာသည် အနှိုင်းမဲ့ကြီးမားလှပေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*