
မိမိပြုလုပ်တဲ့ အပြစ်ကြောင့် ငရဲကျမယ်ဆိုတာသိပြီး ပိုက်ဆံအမြောက်အမြားနဲ့ သင်္ဂြိုဟ်ပေးဖို့ မိသားစုကို တောင်းဆိုခဲ့တဲ့ သူဌေးကြီး
အသက် ၅၂ နှစ် Charles Obong အမည်ရှိ အမျိုးသားဟာ Uganda နိုင်ငံ မှာ အချမ်းသာဆုံးလူများထဲမှ တစ်ဦးဖြစ်ခဲ့ပါတယ် ။ Charles Obong က သူဆုံးသွားလို့ရှိရင် သူ့ကို ငွေအများကြီး နဲ့ သင်္ဂြိုဟ်ရန် သူ့မိသားစုကို တောင်းဆိုခဲ့ပါတယ် ။ အစီရင်ခံစာများအရ Uganda အစိုးရအရာရှိတစ်ဦး Charles Obong က အစိုးရသက်တမ်းအတွင်း အတော်လေးအဂတိလိုက်စားမှုများကြောင့် သူဟာ သူ့ရဲ့ အပြစ်များကို အပြည့်အဝဝန်ခံခဲ့ပါတယ် ။
သူက သူ့ရဲ့ အပြစ်များအတွက် ငရဲသို့ အသေအချာရောက်သွားမယ်ဆိုတာကိုသိပြီး ကြောက်ရွံ့ကာ သူက ဘုရားသခင်ကို လာဘ်ငွေတွေနဲ့ သူ့ကို သင်္ဂြိုဟ်မယ်လို့ ကတိပေးခဲ့ပါတယ် ။ သူ့မိန်းမက သူတောင်းတဲ့အတိုင်း ပိုက်ဆံကို ခေါင်းတလားထဲထည့်မယ်လို့ သူ့ဇနီးက ကတိပေးခဲ့လိုက်ပါတယ် ။ အမျိုးအမည်မသိတဲ့နာမကျန်းဖြစ်မှုနဲ့ ကြာရှည်စွာရင်ဆိုင်ပြီးနောက် Obong ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က သေဆုံးခဲ့ပါတယ် ။ သူ့ကို မိသားစုတွေက ဒေါ်လာ ၅ သန်းကျော်ကုန်ကျတဲ့ သတ္တုခေါင်းတလားအတွင်း ထည့်ထားခဲ့ပါတယ် ။ သူညွှန်ကြားတဲ့အတိုင်း သူ့မိသားစုက သူ့ကိုမသင်္ဂြိုဟ်မီ ခေါင်းတလားအတွင်းမှာ ငွေများထည့် ထားခဲ့ပါတယ် ။
ဒါပေမယ့် သူ့ရဲ့ထူးဆန်းတဲ့တောင်းဆိုချက်က မကြာခင် ရွာထဲမှာ လူသိများလာခဲ့ပြီး ရွာသားတွေက သင်္ချိုင်းမှ ငွေကို ခိုးဝံ့ခြင်းမရှိသော်လည်း ခရစ်ယာန်အသင်းတော်တွေက ထိုငွေတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။
Zawgyi
Leave a Reply