
မိမိကိုယ်ဝန်ရှိနေသည့်အချိန်တွင် ခင်ပွန်းအားပြုစုစောင့်ရှောက်ပေးနိုင်ရန်အတွက် မိန်းမနောက်တစ်ယောက်ကို ရှာဖွေပေးခဲ့သည့် ဇနီးသည်
မလေးရှားနိုင်ငံ Shah Alamတွင်နေထိုင်သော Khuzatul Atiqahဆိုသည့် အမျိုးသမီး၏ အပြုအမူတစ်ခါဟာ လူတိုင်းကို အံ့သြသွားစေခဲ့ပါတယ်။ထိုအမျိုးသမီးဟာ သူ၏ခင်ပွန်းဖြစ်သူနှင့်အတူ ပျော်ရွင်စွာနေထိုင်ပြီး ကိုယ်ဝန်ရရှိလာခဲ့ပါတယ်။
ထို့နောက်တွင် ခင်ပွန်းဖြစ်သူဟာလည်း ကလေးအတွက်ဟုဆိုကာ အလုပ်ပိုကြိုးစားသည့်အချိန်တွင် သူမဟာ ကိုယ်ဝန်ရှိနေသည့်အတွက် ပြုစုမပေးနိုင်ဘဲ ရှိနေခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် ခင်ပွန်းဖြစ်သူ၏ ပင်ပန်းနေသည့်မျက်နှာလေးကို မကြည့်ရက်သောကြောင့်ဟုဆိုကာ မိန်းမနောက်တစ်ယောက်ကို ရှာဖွေပေးခဲ့ပါတယ်။သူမဟာ အိမ်နီးနားချင်းဖြစ်သော Nur Fathonahကို ခင်ပွန်းနှင့်လက်ထပ်ပြီး သုံးယောက်အတူနေထိုင်ရန် ပြောဆိုခဲ့ပါတယ်။
အိမ်နီးနားချင်းအမျိုးသမီးကလည်း အလွန်အံ့သြသွားခဲ့ရသော်လည်း လက်ခံသဘောတူခဲ့တယ်ဟု သိရပါတယ်။
Leave a Reply