မိမိကိုယ်ကို ထောက်ပံ့ဖို့ ဆန်ပြုတ်ရောင်းနေရတဲ့ အသက် ၇၈ နှစ် အဘိုးအို

မိမိကိုယ်ကို ထောက်ပံ့ဖို့ ဆန်ပြုတ်ရောင်းနေရတဲ့ အသက် ၇၈ နှစ် အဘိုးအို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တစ်ဦးတည်းသာနေထိုင်တဲ့ အသက် ၇၈ နှစ်အရွယ် အဘိုးအိုဟာဆန်ပြုတ်တွေရောင်းပြီး အသက်မွေးဝမ်းကြောင်းရှာဖို့ ကြိုးစားနေရပါတယ် ။ Max Udomsak ဆိုတဲ့ Netizen တစ်ဦးက အဘိုးရဲ့ ဆိုင်ခန်းငယ်ကိုတွေ့ပြီး သူရဲ့မိသားစုအကြောင်းကို မေးခဲ့ပါတယ် ။ အဘိုးအိုက မိန်းမနဲ့ ကလေးနှစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး ကျန်တဲ့မိသားစုတွေက သူ့ကို တစ်ယောက်မှ မကြည့်ကြပါဘူး ။

ဒါ့ကြောင့် သူက အသက်ရှင်သန်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းရှာပြီး မိမိကိုယ်ကို ကျွေးမွေးနေရတာပါ ။မုဆိုးဖိုးအဘိုးအိုက ဝင်ငွေရရန် ကြက်ဥတစ်လုံးနဲ့ ဆန်ပြုတ်ကို ဘတ် ၂၀ (ဒေါ်လာ ၀.၆၅) (သို့) ၂၅ ဘတ် (ဒေါ်လာ ၀.၈၅) နဲ့ ရောင်းချပါတယ် ။ ဒါပေမယ့် သူရောင်းမကောင်းခဲ့ပါဘူး ။ အဘိုးရဲ့ဆိုင်ခန်းငယ်က ထူးဆန်းနေတဲ့ ပုံစံနဲ့ ပလတ်စတစ်ဘူးတွေနဲ့ ပြည့်နေတာကြောင့် လူအများက သိပ်မဝယ်ချင်ကြပါဘူး ။

နောက်ပြီး အဘိုးက ပါဝင်ပစ္စည်းတွေကို အများကြီးထည့်ဖို့ မတက်နိုင်တာမို့ သူ့ရဲ့ဆန်ပြုတ်က အတော်လေး ရိုးရှင်းလွန်းပါတယ် ။ အဘိုးက လမ်းတွေပေါ်မှာ စွန့်ခွာခဲ့တဲ့ ပစ္စည်းတွေကို စုဆောင်းပြီး မိုးကာနဲ့ ဝါးအိပ်ရာဖြင့် ပြုလုပ်ထားတဲ့ သူရဲ့ယာယီအိမ်မှာ နေထိုင်ပါတယ် ။Udomsak က အဘိုးအိုကို သနားပြီး ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့ဓါတ်ပုံကို မျှဝေလိုက်ပါတယ် ။ ကျေးဇူးတင်စရာက လူများစွာဟာ အဘိုးရဲ့လိုအပ်ချက်တွေကို အကူအညီပေးပြီး အဘိုးအတွက် အလှူငွေများ ထည့်ပေးခဲ့ပါတယ် ။

အင်တာနက်အသုံးပြုသူအများစုက သူ့ရဲ့ နေအိမ်ကို မြင်တွေ့ရတဲ့အခါ အာလုံးက ဝမ်းနည်းမျင်ရည်ကျခဲ့ရပါတယ် ။ ထိုအသက်အရွယ်မှာ အဘိုးအိုဟာ ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်နိုင်မဲ့ နေရာကောင်းတွေမှာ နေဖို့ လိုအပ်ပါတယ် ။

Zawgyi

မိမိကိုယ္ကို ေထာက္ပံ့ဖို႔ ဆန္ျပဳတ္ေရာင္းေနရတဲ့ အသက္ ၇၈ ႏွစ္ အဘိုးအို

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ တစ္ဦးတည္းသာေနထိုင္တဲ့ အသက္ ၇၈ ႏွစ္အ႐ြယ္ အဘိုးအိုဟာဆန္ျပဳတ္ေတြေရာင္းၿပီး အသက္ေမြးဝမ္းေၾကာင္းရွာဖို႔ ႀကိဳးစားေနရပါတယ္ ။ Max Udomsak ဆိုတဲ့ Netizen တစ္ဦးက အဘိုးရဲ႕ ဆိုင္ခန္းငယ္ကိုေတြ႕ၿပီး သူရဲ႕မိသားစုအေၾကာင္းကို ေမးခဲ့ပါတယ္ ။ အဘိုးအိုက မိန္းမနဲ႔ ကေလးႏွစ္ေယာက္ကို ဆုံးရႈံးခဲ့ရၿပီး က်န္တဲ့မိသားစုေတြက သူ႔ကို တစ္ေယာက္မွ မၾကည့္ၾကပါဘူး ။

ဒါ့ေၾကာင့္ သူက အသက္ရွင္သန္ႏိုင္ဖို႔ အသက္ေမြးဝမ္းေက်ာင္းရွာၿပီး မိမိကိုယ္ကို ေကြၽးေမြးေနရတာပါ ။မုဆိုးဖိုးအဘိုးအိုက ဝင္ေငြရရန္ ၾကက္ဥတစ္လုံးနဲ႔ ဆန္ျပဳတ္ကို ဘတ္ ၂၀ (ေဒၚလာ ၀.၆၅) (သို႔) ၂၅ ဘတ္ (ေဒၚလာ ၀.၈၅) နဲ႔ ေရာင္းခ်ပါတယ္ ။ ဒါေပမယ့္ သူေရာင္းမေကာင္းခဲ့ပါဘူး ။ အဘိုးရဲ႕ဆိုင္ခန္းငယ္က ထူးဆန္းေနတဲ့ ပုံစံနဲ႔ ပလတ္စတစ္ဘူးေတြနဲ႔ ျပည့္ေနတာေၾကာင့္ လူအမ်ားက သိပ္မဝယ္ခ်င္ၾကပါဘူး ။

ေနာက္ၿပီး အဘိုးက ပါဝင္ပစၥည္းေတြကို အမ်ားႀကီးထည့္ဖို႔ မတက္ႏိုင္တာမို႔ သူ႔ရဲ႕ဆန္ျပဳတ္က အေတာ္ေလး ႐ိုးရွင္းလြန္းပါတယ္ ။ အဘိုးက လမ္းေတြေပၚမွာ စြန႔္ခြာခဲ့တဲ့ ပစၥည္းေတြကို စုေဆာင္းၿပီး မိုးကာနဲ႔ ဝါးအိပ္ရာျဖင့္ ျပဳလုပ္ထားတဲ့ သူရဲ႕ယာယီအိမ္မွာ ေနထိုင္ပါတယ္ ။Udomsak က အဘိုးအိုကို သနားၿပီး ဆိုရွယ္မီဒီယာေပၚမွာ သူ႔ရဲ႕ဓါတ္ပုံကို မွ်ေဝလိုက္ပါတယ္ ။ ေက်းဇူးတင္စရာက လူမ်ားစြာဟာ အဘိုးရဲ႕လိုအပ္ခ်က္ေတြကို အကူအညီေပးၿပီး အဘိုးအတြက္ အလႉေငြမ်ား ထည့္ေပးခဲ့ပါတယ္ ။

အင္တာနက္အသုံးျပဳသူအမ်ားစုက သူ႔ရဲ႕ ေနအိမ္ကို ျမင္ေတြ႕ရတဲ့အခါ အာလုံးက ဝမ္းနည္းမ်င္ရည္က်ခဲ့ရပါတယ္ ။ ထိုအသက္အ႐ြယ္မွာ အဘိုးအိုဟာ ေကာင္းေကာင္းစားၿပီး ေကာင္းေကာင္းအိပ္ႏိုင္မဲ့ ေနရာေကာင္းေတြမွာ ေနဖို႔ လိုအပ္ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*