
မိဘအရင်းတွေနဲ့နေထိုင်ဖို့ငြင်းဆန်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ မွေးစားအဖေကိုစောင့်ရှောက်ရင်းနေမယ်ဟု ဖွင့်ဟလာတဲ့ကောင်မလေး
တရုတ်နိုင်ငံမှ ၁၁နှစ်ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတာဝန်တွေကို ကျေပွန်အောင်လုပ်ပြခဲ့တယ်..သူမကို ကောင်းကောင်းမွန်မွန်ထားပေးနိုင်တဲ့ မိဘအရင်းနဲ့တောင် အတူနေဖို့ငြင်းဆိုခဲ့တယ်။
ကောင်မလေးကXiao Qi လို့သိရပြီး မိဘတွေက သူမကို Guangdong ဆေးရုံမှာထားခဲ့တယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ Zhengရဲ့ အမျိုးသမီးလည်း အခြေအနေအမျိုးမျိုးကြောင့် ထိုဆေးရုံမှာပဲ ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်။နောက်ဆုံး Xiao Qi ကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
၂၀၁ဝမှာ Zhengရဲ့ကျန်းမာရေးဖောက်လာတယ်။သွေးခုန်နှုန်းတွေတအားမြှင့်တက်လာပြီး အောက်ပိုင်းသေတဲ့ရောဂါကို စတင်ခံစားလာရတယ်။ ထိုအချိန်ကစပြီး Zhengရဲ့မိန်းမက သူနဲ့ ကောင်မလေးကိုပစ်သွားခဲ့တယ်လို့ Stompသတင်းအရသိရပါတယ်။
၂၀၁၅ရောက်တော့ Zhengရဲ့အမေကြီးဆုံးပါးသွားခဲ့တယ်..အဲ့ဒီအချိန်မှာ သားအဖနှစ်ယောက် ကိုယ့်ဝမ်းစာကိုယ်ရုန်းရတော့တာပေါ့။
၂နှစ်ကြာပြီးနောက် Zheng ကိုယ်လက်အင်္ဂါချို့ယွင်းလာတဲ့အချိန်မှာ Xiao Qi မိဘတွေပြန်ပေါ်လာခဲ့တယ်။ကလေးကို Zhengက အဖေအရင်းမဟုတ်ကြောင်း ပြောပြလိုက်တယ်။ကလေးမှာ မိဘအရင်းတွေနဲ့နေထိုင်ဖို့ရွေးချယ်ခွင့်ရှိပါရက်နဲ့ မွေးစားအဖေကိုပဲပြုစုစောင့်ရှောက်က်ပြီးနေသွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ငွေကြေးပိုင်းကို အစိုးရမှထောက်ပံ့မှုပေးထားတယ်လို့ World of Buzz သတင်းအရသိရပါတယ်။
Zheng သူ့သမီးကိုအမြဲခေါ်ထားခွင့်မရခဲ့ဘူး…ဥပဒေအရ Xiao Qi ကိုမွေးစားထားကြောင်း စာရွက်စာတမ်းတွေ သူမလုပ်ခဲ့လို့ပါပဲ။ဒါပေမယ့် ကလေးရဲ့စိတ်က မွေးစားအဖေကိုပိုသံယောဇဉ်တွယ်နေတာကြောင့် အစိုးရက စောင့်ကြည့်နေတုန်းပါ။
ဝိုင်းဝန်းထောက်ပံ့ပေးတဲ့ပိုက်ဆံတွေကြောင့် သားအဖနှစ်ယောက် ကိုယ်ပိုင်အိမ်တစ်လုံးတောင် ဆောက်လို့ရနေပါပြီ။Xiao Qiရဲ့ အနာဂတ်ပညာရေးအတွက် ထောက်ပံ့ပေးသွားဖို့လည်း ရှိတယ်လို့သိရပါတယ်။
Leave a Reply