မိဘများ၏ စားသောက်ဆိုင်ထဲတွင် ကိုယ်တိုင်ချက်ပြုတ်ကာ သီးသန့်ရောင်းချပြီး စီးပွားရှာနေသည့် အသက်၁၂နှစ်အရွယ်ကောင်လေး

မိဘများ၏ စားသောက်ဆိုင်ထဲတွင် ကိုယ်တိုင်ချက်ပြုတ်ကာ သီးသန့်ရောင်းချပြီး စီးပွားရှာနေသည့် အသက်၁၂နှစ်အရွယ်ကောင်လေး

ယနေ့ခေတ်တွင် ကလေးလူငယ်အများစုသည် အားလပ်ချိန်များကို ဂိမ်းများကစားခြင်း ဗီဒီယိုများကြည့်ခြင်းဖြင့်သာ အချိန်ကုန်နေတတိကြသသို့သော် အသက်၁၂နှစ်အရွယ်သာရှိသေးသော ကလေးငယ်တစ်ဦးသည် အစားအသောက်များကို ကိုယ်တိုင်ချက်ပြုတ်ကာ ရောင်းချနေပြီဖြစ်သည်။

ကလေးငယ်သည် အသက်၉နှစ်အရွယ်တည်းကပင် ဖခင်၏ စားသောက်ဆိုင်တွင် ဖခင်နှင့်အတူ ချက်ပြုတ်မှုများအား ကူလုပ်ကာ ချက်ပြုတ်ခြင်းကို စိတ်ဝင်စားနေခဲ့ပြီဖြစ်သည်။ထို့ကြောင့်ကလေးသည် အသက်၁၂နှစ်အရွယ်ရောက်သည့်အချိန်တွင် ချက်ပြုတ်ရေးများကို ကျွမ်းကျင်လာခဲ့ပြီး ဖခင်၏ စားသောက်ဆိုင်ထဲ၌ပင် သီးသန့်ခွဲကာ အစားအသောက်များကို ရောင်းချနိုင်ခဲ့သည်။

ကလေးသည် ပုံမှန်တစ်ရက်လျှင် ပွဲ၂၀ခန့် ရောင်းချနိုင်ပြီး ရောင်းကောင်သည့် နေ့များတွင်ပွဲ၄၀အထက်ပင် ရောင်းချနိုင်သည်ဟု ဆိုခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*