
မိဘများနှင့် မိတ်ဆက်ပေးရန် အိမ်သို့ခေါ်လာသော သားဖြစ်သူ၏ကောင်မလေးကို ဟင်းချက်ခိုင်းကြည့်ရာ ကန်စွန်းရွက်ကို ဝက်စာစင်းသလိုစင်းနေလို့ စိတ်ပျက်ပြီး သဘောမတူခဲ့သည့် မိဘများ
ချစ်သူရည်းစားဘဝသည်ကား အပူအပင်မရှိဘဲ အေးချမ်းသာယာစွာကြည်နူးနိုင်ပေသည်။သို့သော် လက်ထပ်ယူတော့မည်ဆိုပါက အိမ်မှုကိစ္စနှင့် ပတ်သတ်သော အရည်အချင်းများကို ပိုင်ဆိုင်ထားမှာသာလျှင် ကိုယ်တိုင်တည်ထောင်သော ဘဝလေးကို အေးချမ်းစွာ ရှာဖွေနိုင်မည်ဖြစ်ပေသည်။
ယခုတွင်လည်း တရုတ်နိုင်ငံမှ မိဘများဟာ သားဖြစ်သူမိတ်ဆက်ပေးလာသည့် သူ၏ချစ်ကောင်မလေးထံမှ အိမ်မှုကိစ္စနှင့်ပတ်သတ်သော အရည်အချင်းများကို သိရှိစေရန်အတွက် နေအိမ်၌ပင် ဟင်းချက်ခိုင်းခဲ့တာဖြစ်ပါတယ်။
ထိုအခါ ကောင်မလေးဟာ မီးဖိုထဲတွင် ကန်စွန်းရွက်များကို ချက်ပြုတ်ရန် ပြင်ဆင်ရာ၌ အရွက်တွေကို သေချာမရွေးဘဲ ဝက်စာကဲ့သို့ အကုန်ရောပြီး နှုပ်နှုပ်စင်းပြီး ချက်ဖို့လုပ်ခဲ့တာဖြစ်ပါတယ်။.ထိုအခါ မိဘများက အတော်လေးစိတိပျက်သွားခဲ့ရပြီး သဘောမတူဘဲ သားဖြစ်သူကို လမ်းခွဲခိုင်းခဲ့ပါတယ်။
Zawgyi
Leave a Reply