မိဘများနှင့်ရန်ဖစ်ပြီး အိမ်နောက်ဖေးတွင် မြေအောက်ခန်းတူးကာ နေထိုင်စရာအဖြစ် ပြောင်းလဲပြီး နေခဲ့သော ကောင်လေး

မိဘများနှင့်ရန်ဖစ်ပြီး အိမ်နောက်ဖေးတွင် မြေအောက်ခန်းတူးကာ နေထိုင်စရာအဖြစ် ပြောင်းလဲပြီး နေခဲ့သော ကောင်လေး

လောကကြီးတွင် စိတ်အားထက်သန်ပါက မဖြစ်နိုင်ပူးဆိုတာ မရှိ၍ ဖြစ်ချင်သော စိတ်ကူးအိပ်မက်များအား ဇွဲမလျှာ့ပဲ ကြိုးစားပါက အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်၍ စပိန်နိုင်ငံမှ Andres Canto အမည်ရှိသော အသက် ၁၄နှစ်အရွယ် ကျောင်းသားလေးသည် မိဘများနှင့် အဆင်မပြေ စကားများ ဖြစ်ကြရာ မိဘများမှ ဆွေးမျိုးများရှိရာ ရွာတွင် သွားနေရန် အကြံပေးခဲ့သော်လည်း ကိုယ့်အစွမ်းအစနှင့် ကိုယ်ကြိုးစားမည်ဟု ဆိုကာ အိမ်နောက်ဖေးတွင် မြေများ သွားတူးဆွခဲ့သည်။

ကောင်လေးသည် မြေကို တူးဆွရခြင်းအကြောင်းက ထိုနေရာကို နေထိုင်လို့ရမည့် ဥမင်ဂူ မြေအောက်ခန်းပုံစံ ဖန်တီးပုံဖော်ရန်ဖြစ်သည်။Andres သည် ကျောင်းကပြန်လာတိုင်း အချိန်ရရင် ရသလောက်နဲ့ ပြီးသလောက် တူးဖော်ခဲ့သည်မှာ ၆နှစ်တာကာလပတ်လုံး သူငယ်ချင်းတစ်ယောက်အား အကူအညီတောင်းပြီး နှစ်ယောက်တူတူ ဆောက်လုပ်တူးဖော်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။

မိုးရွာချိန်တွင် ပြိုလဲမသွားအောင်၍လည်း အမိုးအား အခိုင်အမာတည်ဆောက်ထားပြီး အသက် ၂၀အရွယ်တွင် ထိုဥမင်ဂူသည် နေထိုင်လို့ရသော မြေအောက်ခန်းအဖြစ်ကို ပြောင်းလဲနိုင်ခဲ့သည်။ထိုအဖြစ်အပျက်အား ဒေသခံလူများမှ ကြားသိပြီး လာရောက်ကြည့်ရှုကာ လေးစားချီးကျူးခဲ့ကြသည်။

Zawgyi

မိဘမ်ားႏွင့္ရန္ဖစ္ၿပီး အိမ္ေနာက္ေဖးတြင္ ေျမေအာက္ခန္းတူးကာ ေနထိုင္စရာအျဖစ္ ေျပာင္းလဲၿပီး ေနခဲ့ေသာ ေကာင္ေလး

ေလာကႀကီးတြင္ စိတ္အားထက္သန္ပါက မျဖစ္ႏိုင္ပူးဆိုတာ မရွိ၍ ျဖစ္ခ်င္ေသာ စိတ္ကူးအိပ္မက္မ်ားအား ဇြဲမလွ်ာ့ပဲ ႀကိဳးစားပါက ေအာင္ျမင္မႈ ပန္းတိုင္ကို ေရာက္ရွိႏိုင္ပါသည္။

သို႔ျဖစ္၍ စပိန္ႏိုင္ငံမွ Andres Canto အမည္ရွိေသာ အသက္ ၁၄ႏွစ္အ႐ြယ္ ေက်ာင္းသားေလးသည္ မိဘမ်ားႏွင့္ အဆင္မေျပ စကားမ်ား ျဖစ္ၾကရာ မိဘမ်ားမွ ေဆြးမ်ိဳးမ်ားရွိရာ ႐ြာတြင္ သြားေနရန္ အႀကံေပးခဲ့ေသာ္လည္း ကိုယ့္အစြမ္းအစႏွင့္ ကိုယ္ႀကိဳးစားမည္ဟု ဆိုကာ အိမ္ေနာက္ေဖးတြင္ ေျမမ်ား သြားတူးဆြခဲ့သည္။

ေကာင္ေလးသည္ ေျမကို တူးဆြရျခင္းအေၾကာင္းက ထိုေနရာကို ေနထိုင္လို႔ရမည့္ ဥမင္ဂူ ေျမေအာက္ခန္းပုံစံ ဖန္တီးပုံေဖာ္ရန္ျဖစ္သည္။Andres သည္ ေက်ာင္းကျပန္လာတိုင္း အခ်ိန္ရရင္ ရသေလာက္နဲ႔ ၿပီးသေလာက္ တူးေဖာ္ခဲ့သည္မွာ ၆ႏွစ္တာကာလပတ္လုံး သူငယ္ခ်င္းတစ္ေယာက္အား အကူအညီေတာင္းၿပီး ႏွစ္ေယာက္တူတူ ေဆာက္လုပ္တူးေဖာ္ျခင္းျဖင့္ အခ်ိန္ကုန္ေစခဲ့သည္။

မိုး႐ြာခ်ိန္တြင္ ၿပိဳလဲမသြားေအာင္၍လည္း အမိုးအား အခိုင္အမာတည္ေဆာက္ထားၿပီး အသက္ ၂၀အ႐ြယ္တြင္ ထိုဥမင္ဂူသည္ ေနထိုင္လို႔ရေသာ ေျမေအာက္ခန္းအျဖစ္ကို ေျပာင္းလဲႏိုင္ခဲ့သည္။ထိုအျဖစ္အပ်က္အား ေဒသခံလူမ်ားမွ ၾကားသိၿပီး လာေရာက္ၾကည့္ရႈကာ ေလးစားခ်ီးက်ဴးခဲ့ၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*