မိဘများက သူမကို ယွမ်၃၀၀၀၀၀ဖြင့် လာတောင်းခိုင်းသောကြောင့် လက်လျော့ဖို့ကြိုးစားနေသည့် ချစ်သူကို ပိုက်ဆံမရရအောင်ရှာပြီး လာတောင်းပေးဖို့ ပူဆာနေသည့် ကောင်မလေး

မိဘများက သူမကို ယွမ်၃၀၀၀၀၀ဖြင့် လာတောင်းခိုင်းသောကြောင့် လက်လျော့ဖို့ကြိုးစားနေသည့် ချစ်သူကို ပိုက်ဆံမရရအောင်ရှာပြီး လာတောင်းပေးဖို့ ပူဆာနေသည့် ကောင်မလေး

တရုတ်နိုင်ငံတွင် လက်ထပ်ပွဲများကျင်းပရန်အတွက် ကောင်လေးက ချစ်သူကောင်မလေးကို တင်တောင်းသည့်အချိန်များတွင် ငွေကြေးများစွာတောင်းခံသောကြောင့် အဆင်မပြေဖြစ်ခဲ့ရတာကို အမြဲလိုလိုကြားသိနေခဲ့ရပါတယ်။

ယခုတွင်လည်း ကောင်မလေးတစ်ဦး၏ မိဘများက သူတို့၏သမီးကို ယွမ်၃၀၀၀၀၀ဖြင့် တင်တောင်းနိုင်မှသာလျှင် သဘောတူပေးမည်ဟု ကောင်မလေး၏ချစ်သူအား ပြောဆိုခဲ့တာဖြစ်ပါတယ်။ကောင်လေးဟာလည်း နေစရာအိမ်ပင်မရှိသေးသည့်အတွက် တင်တောင်းရန် ပိုက်ဆံများငို ရှာဖွေရန် အလွန်ခက်ခဲလှသဖြင့် လက်လျော့ဖို့သာ စိတ်ကူးခဲ့တာဖြစ်ပါတယ်။

ထိုအခါကောင်မလေးဟာလည်း ချစ်သူနှင့် မဝေးချင်သောကြောင့် လမ်းမပေါ်တွင် ကောင်လေးကို အတင်းလိုက်ဆွဲကာ ငိုယိုရင်း မရရအောင် ကြိုးစားပြီး လာတောင်စယူပေးရန် တောင်းဆိုနေခဲ့ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*