မိဘနှစ်ပါးအတွက်၂ဘီလီယံကုန်ကျသော အကောင်းစားအိမ်ကြီးကို ၃နှစ်ကြာ အလုပ်ကြိုးစားပြီး ဆောက်လုပ်ပေးခဲ့သည့် သားလိမ္မာ

မိဘနှစ်ပါးအတွက်၂ဘီလီယံကုန်ကျသော အကောင်းစားအိမ်ကြီးကို ၃နှစ်ကြာ အလုပ်ကြိုးစားပြီး ဆောက်လုပ်ပေးခဲ့သည့် သားလိမ္မာ

လောကကြီးတွင် မိဘများဧ။် ချစ်ခြင်းမေတ္တာမှာ သားသမီးတွေအပေါ် မျှော်လင့်ချက် တစ်စုံတစ်ရာ မထားပဲ အနစ်နာခံ ကျွေးမွေးစောင့်ရှောက်ခဲ့သော ကျေးဇူးတရားကို နားလည်သိတတ်သည့် သားသမီးများမှ တဖန် ပြန်လုပ်ကျွေးခြင်းဖြင့် သံသရာလည်လျက်ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဒတ်နက်အမည်ရှိသော အသက် ၃၀နှစ်အရွယ် အမျိုးသားသည် ကော်ဖီဆိုင် ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဒေသရှိ မိဘနှစ်ပါးအား အိမ်သစ်တစ်လုံးဆောက်ပေးရန် ရည်ရွယ်ထား၍ ကော်ဖီဆိုင်ဧ။် ပုံမှန်ဝင်ငွေမှာ သန်း ၅၀အောက်ရှိသည်။

ထို့အပြင် အမျိုးသားသည် အွန်လိုင်း ပစ္စည်းများနှင့် အခြားသော ကုန်ပစ္စည်းများကို လက်လီဖြန့်ဝေသည့် လုပ်ငန်းလည်း လုပ်ဆောင်ခဲ့ရင်း ၃နှစ်အတွင်း ငွေတော်တော်များများ ကြိုးစားရှာခဲ့သည်။အမျိုးသားသည် မောင်နှမ ခြောက်ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိဘများမှာ အိုမင်းလာပြီဖြစ်၍ ကျန်းမာရေးကောင်းနေချိန်ထိ အိမ်ကောင်းကောင်းလေးတွင် ထားချင်ခဲ့၍ လက်တွေ့ အကောင်အထည် ပေးချင်ခဲ့သည်။

နောက်ဆုံးတွင် ဆောက်လုပ်ရေး အလုပ်သမားများ ငှားပြီး ၁ဘီလီယံ တန်ဖိုးရှိ စပါယ်ရှယ်အိမ်ကြီးအား ပုံဖော်စေခဲ့ပြီး အိမ်ထဲရှိ လိုအပ်သော ပစ္စည်းများအတွက် ဝယ်ထည့်ရာ ၁ဘီလီယံနီးပါး ထပ်ကုန်ကျခဲ့၍ အိမ်ကြီးတစ်ခုလုံး အပြီးအစီးမှာ ၂ဘီလီယံ ကုန်ကျစရိတ်ရှိခဲ့သည်။

အိမ်ကြီးဆောက်လုပ်ပြီးသွားချိန်တွင် ဒတ်ဧ။် မိဘနှစ်ပါးလုံးမှာ အရမ်းပျော်သည်ဟု ဆိုခဲ့ပြီးသူငယ်ချင်း ညီအစ်ကိုမောင်နှမများကလည်း ချီးမွမ်း ဂုဏ်ပြုခဲ့ကြသည်။

Zawgyi







Be the first to comment

Leave a Reply

Your email address will not be published.


*