
မိဘနှစ်ပါးလုံးဟာ လယ်ထဲသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်နေရသောကြောင့် ညီမငယ်ကို ဂရုမစိုက်နိုင်သဖြင့် ကျောင်းသို့ခေါ်လာခဲ့ပြီး ကလေးထိန်းရင်း စာသင်ခဲ့ရသည့် ကောင်မလေး
လူသားတို့သည် မွေးဖွားလာသည့်အချိန်မှစကာ အခြေအနေ အဆင့်အတန်း ဂုဏ်ဒြပ်တို့ဟာ အမျိုးမျိုးကွဲပြားနေခဲ့ရပြီး တူညီမှုတော့ ရှိနေလိမ့်မည်မဟုတ်ပေ။အချို့မိသားစုတို့သည် ဘဝကို သာယာချမ်းမြေ့စွာဖြင့် အပူအပင်မရှိဘဲ အေးချမ်းသာယာစွာဖြတ်သန်းနိုင်သော်လည်း အချို့မိသားစုတို့၏ဘဝသည် စားဝတ်နေရေးအတွက် မိသားစုတစ်ခုလုံး အလုပ်လုပ်ကိုင်ရင်း ဝင်ငွေရှာဖွေနေခဲ့ရတာဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံ Lai Chauပြည်နယ် Tan Uyen ခရိုင်တွင်နေထိုင်သော ကလေးငယ်တို့၏ မိသားစုလေးသည် အလွန်ခက်ခဲသောကြောင့် ညီမငယ်လေးကိုပင် ကျောင်းသို့ခေါ်ဆောင်လာပြီး ပညာသင်ကြားနေခဲ့ရပါတယ်။
ကလေးငယ်၏ မိဘနှစ်ပါးလုံးဟာ စားဝတ်နေရေးအတွက် လယ်ထဲတွင် တစ်နေကုန် အလုပ်လုပ်နေရပြီး သမီးငယ်လေးကို ထိန်းရန်မချိန်မရှိခဲ့ပေ။ထို့ကြောင့်လည်း အမဖြစ်သူဟာ ညီမငယ်လေးကို ထိန်းရင်းဖြင့် ကျောင်းတက်ကာ ပညာသင်ကြားနေခဲ့ရပါတယ်။
Zawgyi
Leave a Reply