မိဘနှစ်ပါးမှ အဝတ်အစား အတိုအပြတ်နဲ့ အပြင်ပေးမထွက်လို့ဆိုပြီး ညအိပ်ဝမ်းဆက်နဲ့သာ ထွက်လာခဲ့ရသော်လည်း လမ်းတစ်ဝက်တွင် အလန်းဇယားလေးဖြစ်သွားအောင် ပြောင်းခဲ့သည့် မိန်းကလေး

မိဘညီအစ်ကိုမောင်နှမများမှ သမီးမိန်းကလေးမွေးထားသောအခါ ခေတ်ဆန်ဆန် ခပ်ဟော့ဟော့အဝတ်အစားတွေကို မဝတ်စေချင်ကြပြီး အခြားသော သူစိမ်းလူတွေရဲ့ စိုက်ကြည့်နေမှာကိုလည်း မကြိုက်ကြပေ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် အိမ်တွင် အငယ်ဆုံးနှင့် တစ်ဦးတည်းသောသမီးလေးဖြစ်ကာ မိသားစုထဲတွင် အချစ်ခံရဆုံးဖြစ်သော်လည်း စိတ်မချခြင်းတွေကြောင့် မျက်လုံးတောင့်ထောက်ကြည့်ခြင်းခံရကာ လွတ်လွတ်လပ်လပ် နေခွင့်မရခဲ့၍ အခက်တွေ့နေခဲ့သည်။

မိသားစုမှ အဝတ်အစားဝတ်တာနဲ့ပက်သက်ပြီး ချုပ်ချယ်လွန်းကာ မိန်းကလေးသည် အပြင်ထွက်တိုင်း ညအိပ်ဝမ်းဆက်တကားကားကြီးနဲ့သာ ထွက်လေ့ရှိသော်လည်း မိဘနောက်ကွယ်ရာ လမ်းတစ်ဝက်လည်းရောက်ရော ဆိုင်ကယ်လေးကို လမ်းဘေးတွင် ရပ်ခဲ့သည်။

ထို့နောက် မိန်းကလေးသည် ပတ်ဝန်းကျင်မှ လူပြတ်နေစဥ် ညအိပ်ဝမ်းဆက်အား အလျင်အမြန် ချွတ်ကာ အထဲတွင်ဝတ်လာသော အတိုအပြတ် အလန်းဇယား ခပ်ဟော့ဟော့ အဝတ်အစားနဲ့အတူ ပြောင်းလဲခဲ့ပြီး ဖိနပ်လေးကအစ ပြောင်းစီးကာ ဝယ်စရာရှိတာ သွားဝယ်ခဲ့ခြင်းကြောင့် မြင်တွေ့သူများမှ မိန်းကလေးရဲ့လုပ်ရပ်အား ရယ်မောခဲ့ကြသည်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*