မိဘတွေနဲ့မိတ်ဆက်ပေးဖို့ ချစ်သူကောင်မလေးကို နေအိမ်သို့ခေါ်ဆောင်လာခဲ့ပေမဲ့ ဆင်းရဲလွန်းတဲ့နေအိမ်ကိုမြင်ပြီး ကောင်မလေးရဲ. တုံ့ပြန်ပုံကြောင့် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရတဲ့ ကောင်လေး

မိဘတွေနဲ့မိတ်ဆက်ပေးဖို့ ချစ်သူကောင်မလေးကို နေအိမ်သို့ခေါ်ဆောင်လာခဲ့ပေမဲ့ ဆင်းရဲလွန်းတဲ့နေအိမ်ကိုမြင်ပြီး မိဘတွေကျေးဇူးတင်ရလောက်တဲ့အထိ တုံ့ပြန်ခဲ့တဲ့ မိန်းကလေး

ဒီတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းကတော့ ကျေးလက်ဒေသမှာ ကြီးပြင်းလာတဲ့ San ဆိုတဲ့ အမျိုးသားအကြောင်းဖြစ်ပါတယ် ။ San ရဲ့ မိဘနှစ်ပါးစလုံးဟာ သူတို့ရဲ့အိမ်နားက လယ်ယာမြေငယ်လေးတစ်ခုလုပ်တဲ့ လယ်သမားတွေဖြစ်တဲ့အတွက် သူတို့ရဲ့ မိသားစုက သိပ်ပြီးအဆင်မပြေခဲ့ကြပါဘူး ။ ကသူတို့ဟာ အတော်လေးကျိုးနွံတဲ့ ဘဝကိုနေထိုင်ခဲ့ပြီး စားစရာအလုံအလောက်မရှိတဲ့အချိန်တွေရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့သူ့မိဘတွေက အဝတ်အစားအသစ်တွေ၊ အရသာရှိတဲ့အစားအစာတွေ သုံးဖြုန်းဖို့ထက် သူတို့ရဲ့ငွေကို San ရဲ့ ကျောင်းစရိတ်အတွက် စုဆောင်းပေးထားခဲ့ပြီး San ကလည်း တက်နိုင်သမျှ ပညာရေးကို အကောင်းဖြစ်အောင်လုပ်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း San ဟာ တက္ကသိုလ်ကဘွဲ့ရပြီးချက်ချင်းပဲအလုပ်ရခဲ့ပါတယ် ။ သူအလုပ်အောင်မြင်စွာရရှိပြီးနောက် ထိုအချိန်မှာ San ဟာ မိဘတွေအတွက် မြို့သစ်မှာ အိမ်သစ်ဝယ်တစ်လုံးဝယ်နိုင်ဖို့ ငွေအလုံအလောက်စုဆောင်းဖို့ မျှော်လင့်ခဲ့ပါတယ် ။

သူကုမ္ပဏီအသစ်မှာ အလုပ်စလုပ်ပြီး သိပ်မကြာခင်မှာ Cecilia လို့ခေါ်တဲ့ လှပတဲ့အမျိုးသမီးတစ်ယောက် နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမက San လုပ်နေတဲ့ ကုမ္ပဏီရဲ့တွဲဖက်မန်နေဂျာတစ်ယောက်ပါ ။ သူမကို ပထမဆုံးအကြိမ်သိကျွမ်းလာတုန်းက သူမတစ်ကိုယ်ရေဖြစ်နေသေးတာကို San တော် တော်အံ့သြသွားပါတယ် ။ သူမက သူမရဲ့ဘဝမှာ ငယ်စဉ်ကတည်းကပင် မိခင်သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးခြင်းနဲ့ ကျန်ရှိနေရပါတယ် ။

လအနည်းငယ်ကြာပြီးနောက် သူတို့ရဲ့ဆက်ဆံရေးဟာ ပြောင်းလဲလာပြီး တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှခဲ့ကြပါတယ် ။ San က ဆင်းရဲတဲ့သူ့မိသားစုနောက်ကြောင်းကို ပြောပြခဲ့တာကြောင့် သူမတကယ်လေးစားသွားခဲ့ပါတယ် ။ ခဏတစ်ဖြုတ်ဆက်ဆံရေးရပြီးနောက် လက်ထပ်ရန် သူတို့ဆုံးဖြတ်ခဲ့ပါတယ် ။ ပြီးတော့ သူမက San ရဲ့မိဘတွေနဲ့တွေ့ဖို့ တောင်းခဲ့ပါတယ် ။ San က အကယ်လို့ သူမိဘနဲ့ တွေ့ခွင့်ပေးလိုက်ရင် သူ့ရဲ့ဟောင်းနွမ်းတဲ့အိမ်ကိုမြင်ပြီး သူ့ကိုထားခဲ့မှာကို အရမ်းစိုးရိမ်နေခဲ့ပါတယ် ။

ဒါပေမယ့် Cecilia က San ရဲ့မိဘတွေနဲ့တွေ့ဖို့ အရမ်းစိတ်လှုပ်ရှားနေပုံရပါတယ် ။ အလားတူပါဘဲ San မိဘတွေက သူတို့ရဲ့အနာဂတ်ချေးမလေးနဲ့တွေ့ရမာကို အရမ်းပျော်ခဲ့ပါတယ် ။ ကျေးဇူးတင်စရာမှာ အရာအားလုံးက အဆင်ပြေသွားခဲ့ပြီး San ရဲ့မိဘအိမ်မှာအချိန်အများကြီးရခဲ့ပါတယ် ။ နောက်တစ်နေ့မှာ ကျွန်တော်မြို့တော်ကို ထွက်ခွာစဉ် Cecilia က San ရဲ့ မိဘထံ ဘဏ်ကဒ်တစ်ခု ရုတ်တရက်ပေးအပ်ခဲ့ပါတယ် ။

Cecilia ကအိမ်ကို ပြုပြင်ဖို့ဒေါ်လာ ၁၅၀၀၀ ကိုသုံးမယ်လို့ပြောတော့ San ရဲ့အဖေက အရမ်းအံ့သြသွားခဲ့ပါတယ် ။ ထိုအတောအတွင်း San ရဲ့မိခင်ဟာ သူမရဲ့ ရက်ရောမှုကြောင့် မျက်ရည်ကျခဲ့ရပါတယ် ။

ပြီးတော့ San ရဲ့အမေက ကတ်ဆီလီယာကိုပြန်ပို့ဖို့ကြိုးစားခဲ့ပါတယ် ။ ” ပိုက်ဆံကို မယူပါရစေနဲ့ ။ မင်းအစား ဒီငွေကိုသုံးပါ ။ အိမ်ကိုပြုပြင်ဖို့ ငွေကိုမဖြုန်းတီးနဲ့” လို့ အမေက Cecilia ကိုပြောခဲ့ပါတယ် ။ ဒါပေမဲ့ Cecilia က သူမရဲ့ ကဒ်ပြားကို ပြန်ယူဖို့ အတင်းငြင်းခဲ့ပါတယ် ။ “ ကျွန်မမှာ ပိုက်ဆံပေးစရာ မိဘတွေမရှိပါဘူး ” လို့ ပြောပြီးနောက် သူမရဲ့ စကားများကိုကြားပြီး San ရဲ့ မိဘတွေ အလွန်ထိမိခဲ့ပါတယ် ။

သိပ်မကြာခင်မှာပဲ သူတို့တွေလက်ထပ်ပြီး မြို့မှာ အိမ်တစ်လုံးဝယ်ကာ အခြေချခဲ့ကြပါတယ် ။ သူတို့ အိမ်အသစ်မှာ အခန်းတွေ များနေတာကြောင့် San ရဲ့ဇနီး Cecilia က သူ့ရဲ့မိဘတွေကို မြို့မှာအတူနေဖို့ ပြောလိုပါတယ် ။ ဒါပေမဲ့ San မိဘတွေက သူမတောင်းဆိုချက်ကို ယဉ်ယဉ်ကျေးကျေးငြင်းပယ်ခဲ့ပါတယ် ။ San ရဲ့ကြင်နာတတ်တဲ့ဇနီးကြောင့် San မိဘတွေရဲ့ အိမ်ဟာ ပြန်လည်ပြုပြင်မွမ်းမံပြီးတဲ့နောက် အသစ်စက်စက်အိမ် တစ်လုံးဖြစ်လာခဲ့ပါတယ် ။ တကယ့်ကို ကြင်နာသိတက်တဲ့ ဇနီးကောင်းတစ်ယောက်ပါဘဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*