မိန်းမကို ခရစ်ကတ်ပွဲမှာ လောင်းပစ်လိုက်တဲ့ အမျိုးသား

အိန္ဒိယအမျိုးသားတစ်ဦးဖြစ်တဲ့ ရာဗင်ဒါဆင်းဂ် ဟာ ရှယ်ယာအရောင်းအဝယ်လုပ်ရင်း ရှိသမျှ ဆုံးရှုံးခဲ့ကာ ခရစ်ကတ်ပွဲမှာ ငွေတွေပြန်ရလိုစိတ်နဲ့ ဇနီးဖြစ်သူကို လောင်းကြေးထပ်ကာ လောင်းခဲ့ပါတယ် ။ ကံဆိုးချင်တော့ သူဟာ ခရစ်ကတ်ပွဲမှာလည်း ရှုံးခဲ့ရပါတယ်။

ဒီကိစ္စကို ဇနီးဖြစ်သူက သိရှိထားခြင်းမရှိပဲ လောင်းကြေးအနိုင်ရသူများက အိမ်ကိုရောက်လာမှ သိရပြီး ၊ လက်ရှိမှာတော့ သူမက ရဲကို တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ ။ ရာဗင်ဒါဆင်းဂ် ဟာ ထွက်ပြေးတိမ်ရှောင်နေပြီး ရဲတပ်ဖွဲ့က သူ့ကိုရှာဖွေနေပါတယ်။

သူတို့ဇနီးမောင်နှံဟာ ၂၀၁၁ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၊ ရာဗင်ဒါဆင်းဂ် တစ်ယောက်ကတော့ ရှယ်ယာအရောင်းအဝယ် ပြုလုပ်သူဖြစ်ကာ နောက်ပိုင်းမှာ ရှုံးနိမ့်မှုများစွာ ဖြစ်လာတာမို့ အိမ်တွင်းပစ္စည်းတွေကို ရောင်းချခဲ့ရပြီး ၊ နောက်ဆုံးမှာတော့ ဇနီးသည်ကိုပါ လောင်းကြေးထပ်တဲ့ထိ ဆိုးရွားခဲ့တာပါ

Be the first to comment

Leave a Reply

Your email address will not be published.


*