
မိန်းကလေးသူငယ်ချင်းဧ။် မင်္ဂလာပွဲတွင် ပန်းရောင်ဂါဝန်များဝတ်ကာ သတို့သမီးအရံလုပ်ပေးခဲ့သော ကောင်လေးသုံးယောက်
မင်္ဂလာဆောင်ခြင်းသည် မိန်းကလေးများဧ။် တစ်သက်တွင် တစ်ခါပဲရှိသည့် အမှတ်တရနေ့လေးဖြစ်၍ ထိုနေ့သည် သူတို့လေးတွေဘဝတွင် အရေးကြီးသော နေ့ထူးနေ့မြတ်လေးဆိုလည်း မမှားပါ။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ကောင်လေး သုံးဦးနှင့် မိန်းကလေးတစ်ဦးသည် အရမ်းခင်မင်ရင်းနှီးကြကာ သူငယ်ချင်းဖြစ်သူဧ။် မင်္ဂလာဆောင်တွင် ဂတိပေးထားသည့်အတိုင်း ပျော်ရွှင်စရာ မမေ့နိုင်သော အမှတ်တရလေးတစ်ခုအား မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့ကြသည်။
ကောင်လေး သုံးယောက်သည် ချစ်သူငယ်ချင်းမိန်းကလေးဧ။် မင်္ဂလာဆောင်တွင် ရှေ့မျက်နှာနောက်ထားကာ ထူးထူးခြားခြားလေးဖြစ်သွားစေမည့် ပန်းရောင်ဂါဝန်လှလှလေးများ ဝတ်ဆင်ကာ သတို့သမီးအရံ အဖြစ် ရှိနေပေးခဲ့သည်။အမျိုးသားများဖြစ်ပြီး သတို့သမီးအရံ ဂါဝန်လှလေးတွေ ဝတ်ဆင်ထားသောကြောင့် မင်္ဂလာပွဲတက်ရောက်လာသူများမှာလည်း ရယ်မောကြရင်း မင်္ဂလာပွဲအား ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။
ထိုအဖြစ်အပျက်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး သူငယ်ချင်းကောင်းအဖြစ် ရပ်တည်ပေးခဲ့သောကောင်လေးသုံးယောက်အား ချစ်ဖို့ကောင်းသည့် သတို့သမီးအရံ ဆိုပြီး နာမည်ကြီးနေတော့သည်။
Zawgyi
မိန္းကေလးသူငယ္ခ်င္းဧ။္ မဂၤလာပြဲတြင္ ပန္းေရာင္ဂါဝန္မ်ားဝတ္ကာ သတို႔သမီးအရံလုပ္ေပးခဲ့ေသာ ေကာင္ေလးသုံးေယာက္
မဂၤလာေဆာင္ျခင္းသည္ မိန္းကေလးမ်ားဧ။္ တစ္သက္တြင္ တစ္ခါပဲရွိသည့္ အမွတ္တရေန႔ေလးျဖစ္၍ ထိုေန႔သည္ သူတို႔ေလးေတြဘဝတြင္ အေရးႀကီးေသာ ေန႔ထူးေန႔ျမတ္ေလးဆိုလည္း မမွားပါ။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ ေကာင္ေလး သုံးဦးႏွင့္ မိန္းကေလးတစ္ဦးသည္ အရမ္းခင္မင္ရင္းႏွီးၾကကာ သူငယ္ခ်င္းျဖစ္သူဧ။္ မဂၤလာေဆာင္တြင္ ဂတိေပးထားသည့္အတိုင္း ေပ်ာ္႐ႊင္စရာ မေမ့ႏိုင္ေသာ အမွတ္တရေလးတစ္ခုအား မဂၤလာလက္ဖြဲ႕အျဖစ္ ေပးခဲ့ၾကသည္။
ေကာင္ေလး သုံးေယာက္သည္ ခ်စ္သူငယ္ခ်င္းမိန္းကေလးဧ။္ မဂၤလာေဆာင္တြင္ ေရွ႕မ်က္ႏွာေနာက္ထားကာ ထူးထူးျခားျခားေလးျဖစ္သြားေစမည့္ ပန္းေရာင္ဂါဝန္လွလွေလးမ်ား ဝတ္ဆင္ကာ သတို႔သမီးအရံ အျဖစ္ ရွိေနေပးခဲ့သည္။အမ်ိဳးသားမ်ားျဖစ္ၿပီး သတို႔သမီးအရံ ဂါဝန္လွေလးေတြ ဝတ္ဆင္ထားေသာေၾကာင့္ မဂၤလာပြဲတက္ေရာက္လာသူမ်ားမွာလည္း ရယ္ေမာၾကရင္း မဂၤလာပြဲအား ေပ်ာ္႐ႊင္စြာ က်င္းပခဲ့ၾကသည္။
ထိုအျဖစ္အပ်က္သည္ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး သူငယ္ခ်င္းေကာင္းအျဖစ္ ရပ္တည္ေပးခဲ့ေသာေကာင္ေလးသုံးေယာက္အား ခ်စ္ဖို႔ေကာင္းသည့္ သတို႔သမီးအရံ ဆိုၿပီး နာမည္ႀကီးေနေတာ့သည္။
Leave a Reply