
မိန်းကလေးတစ်ဦးထံ လမ်းညွှန်ပြပေးဖို့တောင်းခံရာကနေ သူမရဲ့နှလုံးသားကိုပါ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကောင်လေး
နိုင်ငံခြားတိုင်းပြည်တစ်ခုကို သွားတယ်ဆိုတာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဒေသခံတစ်ဦးက လမ်းညွှန်ချက်တွေကို များသောအားဖြင့် GPS ကို မှီခိုခြင်းထက် အခြားလူတွေကို မေးမြန်ခြင်းဟာ ပိုပြီး လုံခြုံစိတ်ချရပါတယ်။ ထိုင်ဝမ် မှာ လမ်းပျောက်ဆုံးနေတဲ့ ဂျေဆန် အမည်ရှိ စင်ကာပူအမျိုးသားတစ်ဦးဟာ အိန်ဂျယ် လို့ခေါိတဲ့ ထိုင်ဝမ် အမျိုးသမီးတစ်ဦးထံ လမ်းညွှန်ချက်များတောင်းခံခြင်းမှ သူမရဲ့နှလုံးသားကိုပါ ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။
ထိုင်ဝမ်အမျိုးသမီးအိန်ဂျယ်ဟာ သူမရဲ့ အဖြစ်အပျက်ကို MS News မှာ မျှဝေခဲ့တာပါ။ သူမတို့နှစ်ဦးဟာ ထိုင်ဝမ်က ဘူတာရုံတစ်ခုမှာ ပထမအကြိမ် ဆုံတွေ့ခဲ့တာပါ။ ဂျေဆန်က သူမရဲ့ ပုခုံးကို ပုတ်ပြီး လမ်းညွှန်ချက်တောင်းရန် ‘အန်တီ’ လို့ ခေါ်လိုက်ပါတယ်။ သူတို့က တစ်နေရာတည်း ဦးတည်နေဒါကြောင့် အိမ်ဂျယ်က သူနဲ့ အတူ ရထားစီးရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ဦး စကားတွေအများကြီးပြောကြပြီး ရထားကနေ ထွက်ခွာပြီးနောက် အဆက်အသွယ်တွေ ဖလှယ်ခဲ့ကြပါတယ်။ သို့ပေမဲ့ ထိုကာလအတောအတွင်း အိန်ဂျယ်ဟာ ရှန်ဟိုင်းမှာ အလုပ်လုပ်ခဲ့ပြီး ဂျေဆန်ဟာ စင်ကာပူမှာ အလုပ်လုပ်ခဲ့တာပါ။ ဒါကြောင့် သူတို့နှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မတွေ့ရပေမဲ့ အဆက်အသွယ်တော့ အမြဲလုပ်ကြပါတယ်။
အိန်ဂျယ်ဟာ ဂျေဆန်ရှိရာ စင်ကာပူသို့ သွားလည်ရန် ပြင်ဆင်သော်လည်း Covid -19 နောက်ထပ်တစ်ဆင် ထပ်တိုးခဲ့ဒါကြောင့် ပြဿနာ ရှိနေခဲ့ပါတယ်။ ခရီးအသွားအလာ ကန့်သတ်ချက်များကြောင့် တစ်နှစ်ကျော် အကြာ တစ်ယောက်နဲ့ တစ်ယောက် မတွေ့နိုင်ခဲ့ပါဘူး။ နောက်ပြီး ဂျေဆန်ဟာ သူ့ကောင်မလေးရှိတဲ့ ထိုင်ဝမ်မာ အလုပ်လျှောက်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ရောဂါကြောင့် အခက်ခဲ အနည်းငယ်ရှိနေပါတယ်။ သို့ပေမဲ့ အိန်ဂျယ်ရဲ့ တွန်းအားပေးမှုကြောင့် နောက်ဆုံးတွေ ထိုင်ဝမ်မှာ တရုတ်မူကြို ကျောင်းဆရာအဖြစ် အလုပ်ရခဲ့ပါတယ်။ ထိုလူငယ်စုံတွဲဟာ နောက်ဆုံးမှာ ပျော်ရွှင်တဲ့ ဘဝကို ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Zawgyi
မိန္းကေလးတစ္ဦးထံ လမ္းၫႊန္ျပေပးဖို႔ေတာင္းခံရာကေန သူမရဲ႕ႏွလုံးသားကိုပါ ပိုင္ဆိုင္ခြင့္ရခဲ့တဲ့ ေကာင္ေလး
ႏိုင္ငံျခားတိုင္းျပည္တစ္ခုကို သြားတယ္ဆိုတာ အခက္အခဲေတြ ႀကဳံေတြ႕ႏိုင္ပါတယ္။ ေဒသခံတစ္ဦးက လမ္းၫႊန္ခ်က္ေတြကို မ်ားေသာအားျဖင့္ GPS ကို မွီခိုျခင္းထက္ အျခားလူေတြကို ေမးျမန္ျခင္းဟာ ပိုၿပီး လုံၿခဳံစိတ္ခ်ရပါတယ္။ ထိုင္ဝမ္ မွာ လမ္းေပ်ာက္ဆုံးေနတဲ့ ေဂ်ဆန္ အမည္ရွိ စင္ကာပူအမ်ိဳးသားတစ္ဦးဟာ အိန္ဂ်ယ္ လို႔ေခါိတဲ့ ထိုင္ဝမ္ အမ်ိဳးသမီးတစ္ဦးထံ လမ္းၫႊန္ခ်က္မ်ားေတာင္းခံျခင္းမွ သူမရဲ႕ႏွလုံးသားကိုပါ ပိုင္ဆိုင္ခြင့္ရရွိခဲ့ပါတယ္။
ထိုင္ဝမ္အမ်ိဳးသမီးအိန္ဂ်ယ္ဟာ သူမရဲ႕ အျဖစ္အပ်က္ကို MS News မွာ မွ်ေဝခဲ့တာပါ။ သူမတို႔ႏွစ္ဦးဟာ ထိုင္ဝမ္က ဘူတာ႐ုံတစ္ခုမွာ ပထမအႀကိမ္ ဆုံေတြ႕ခဲ့တာပါ။ ေဂ်ဆန္က သူမရဲ႕ ပုခုံးကို ပုတ္ၿပီး လမ္းၫႊန္ခ်က္ေတာင္းရန္ ‘အန္တီ’ လို႔ ေခၚလိုက္ပါတယ္။ သူတို႔က တစ္ေနရာတည္း ဦးတည္ေနဒါေၾကာင့္ အိမ္ဂ်ယ္က သူနဲ႔ အတူ ရထားစီးရန္ ဆုံးျဖတ္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦး စကားေတြအမ်ားႀကီးေျပာၾကၿပီး ရထားကေန ထြက္ခြာၿပီးေနာက္ အဆက္အသြယ္ေတြ ဖလွယ္ခဲ့ၾကပါတယ္။ သို႔ေပမဲ့ ထိုကာလအေတာအတြင္း အိန္ဂ်ယ္ဟာ ရွန္ဟိုင္းမွာ အလုပ္လုပ္ခဲ့ၿပီး ေဂ်ဆန္ဟာ စင္ကာပူမွာ အလုပ္လုပ္ခဲ့တာပါ။ ဒါေၾကာင့္ သူတို႔ႏွစ္ဦးက တစ္ေယာက္နဲ႔ တစ္ေယာက္ အျပင္မွာ မေတြ႕ရေပမဲ့ အဆက္အသြယ္ေတာ့ အၿမဲလုပ္ၾကပါတယ္။
အိန္ဂ်ယ္ဟာ ေဂ်ဆန္ရွိရာ စင္ကာပူသို႔ သြားလည္ရန္ ျပင္ဆင္ေသာ္လည္း Covid -19 ေနာက္ထပ္တစ္ဆင္ ထပ္တိုးခဲ့ဒါေၾကာင့္ ျပႆနာ ရွိေနခဲ့ပါတယ္။ ခရီးအသြားအလာ ကန႔္သတ္ခ်က္မ်ားေၾကာင့္ တစ္ႏွစ္ေက်ာ္ အၾကာ တစ္ေယာက္နဲ႔ တစ္ေယာက္ မေတြ႕ႏိုင္ခဲ့ပါဘူး။ ေနာက္ၿပီး ေဂ်ဆန္ဟာ သူ႔ေကာင္မေလးရွိတဲ့ ထိုင္ဝမ္မာ အလုပ္ေလွ်ာက္ရန္ အေကာင္းဆုံးႀကိဳးစားခဲ့ေသာ္လည္း ေရာဂါေၾကာင့္ အခက္ခဲ အနည္းငယ္ရွိေနပါတယ္။ သို႔ေပမဲ့ အိန္ဂ်ယ္ရဲ႕ တြန္းအားေပးမႈေၾကာင့္ ေနာက္ဆုံးေတြ ထိုင္ဝမ္မွာ တ႐ုတ္မူႀကိဳ ေက်ာင္းဆရာအျဖစ္ အလုပ္ရခဲ့ပါတယ္။ ထိုလူငယ္စုံတြဲဟာ ေနာက္ဆုံးမွာ ေပ်ာ္႐ႊင္တဲ့ ဘဝကို ရွာေတြ႕လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
Leave a Reply