မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ပြီး ချစ်သူကောင်မလေးဖြေဆိုရမည့် ဆယ်တန်းစာမေးပွဲကို အစားထိုးဖြေဆိုပေးခဲ့သည့် ၂၂နှစ်အရွယ် တက္ကသိုလ်ကျောင်းသား အရေးယူခံခဲ့ရ

မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ပြီး ချစ်သူကောင်မလေးဖြေဆိုရမည့် ဆယ်တန်းစာမေးပွဲကို အစားထိုးဖြေဆိုပေးခဲ့သည့် ၂၂နှစ်အရွယ် တက္ကသိုလ်ကျောင်းသား အရေးယူခံခဲ့ရ

ကမ္ဘာနိုင်ငံတိုင်းတွင် အထက်တန်းစာမေးပွဲသည် တက္ကသိုလ်ဆက်တက်နိုင်ရန်အတွက် အလွန်အရေးကြီးသော အချိန်ကာလတစ်ခုပင်ဖြစ်ပါတယ်။ထို့ကြောင့် လူတိုင်းက အထက်တန်းကျောင်းသားဖြစ်လာခဲ့လျှင် စာကြိုးစားကြပြီး မိသားစုတို့ကလည်း လိုတာထက်ပိုမိုထောက်ပံ့လာကြပါတယ်။

ယခုအခါမှာတော့ ဆီနီဂေါနိုင်ငံတွင် အသက်၂၂နှစ်အရွယ် တက္ကသိုလ်ကျောင်းသား Khadim Mboupဆိုသူဟာ သူ၏ချစ်သူကောင်မလေးကိုယ်စား အထက်တန်းစာမေးပွဲကို အစားထိုးဖြေဆိုခဲ့ပါတယ်။အထက်တန်းဖြေဆိုမည့်ကောင်မလေးဟာ အသက်၁၉နှစ်အရွယ် Gangue Dioumဆိုသူဖြစ်ပါတယ်။

ချစ်သူကောင်လေးဟာ မိန်းကလေးပုံစံဆံပင်အတုဝတ်ဆင်ကာ maskတပ်ထားပြီး မရိပ်မိအောင်ကြိုးစားခဲ့သော်လည်း မပီမြင်မှုကြောင့် ချက်ချင်းအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*