
မိထွေးရဲ့ဆေးကုသစရိတ်အတွက် အရွယ်နဲ့မလိုက်အောင် ကြိုးစားရုန်းကန်နေခဲ့ရတဲ့ ကလေးငယ်
တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 12 အရွယ် ၊ Wangzhen အမည်ရှိတဲ့ ကောင်လေးဟာ အပူချိန် 40 ဒီဂရီကျော်တဲ့ နေ့လယ်ခင်မှာ အိတ်လေးတစ်လုံးလွယ်ပြီး အပူတပြင်း ပလပ်စတစ်ဘူးခွံလေးတွေကို လိုက်လံကောက်ယူနေခဲ့ပါတယ် ။ အကြောင်းကတော့ Wangzhen ဟာ သူ့ရဲ့ မိထွေးဖြစ်သူ ဆေးကုသစရိတ်အတွက် ယခုလိုကြိုးစားရုန်းကန်နေရတာပါပဲ ။ Wangzhen ရဲ့ ဘဝအကြောင်းကို ပြောရမယ်ဆိုရင် 2 နှစ်သားအရွယ်က မိခင်အရင်းဟာ နေအိမ်ကနေထွက်ခွာသွားခဲ့တာပါ ။ ဖခင်ဖြစ်သူကလည်း လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခုကြောင့် လက်ထိခိုက်သွားခဲ့ပြီးနောက် အရင်လို အလုပ်အကိုင်မျိုးကောင်မွန်စွာ မလုပ်နိုင်တော့ဘဲ အချိန်ပိုင်းအလုပ်သမားအဖြစ်သာ လုပ်ကိုင်နေခဲ့ရတာပါ ။
အဘွားဖြစ်သူမှာလည်း အကြွေးတွေများစွာထားရစ်ခဲ့ပြီးမှ သေဆုံးသွားခဲ့တာကြောင့် Wangzhen ဟာ အဘိုးဖြစ်သူကိုသာ အားကိုးမှီခိုနေခဲ့ရတာပါ ။ 9 နှစ်သားအရွယ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုခဲ့ပါတယ် ။ မိထွေးဖြစ်သူဟာလည်း စိတ်သဘောထားကောင်းမွန်လွန်းသူဖြစ်တာကြောင့် မိသားစုဝင်တွေ အတော်လေးပျော်ရွှင်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း Wangzhen ရဲ့ ပျော်ရွှင်မှုက မကြာခဲ့ပါဘူး ။
မိထွေးဖြစ်သူဟာ သွေးကင်ဆာရောဂါ ခံစားခဲ့ရချိန်မှာတော့ ဆေးကုသမှုမခံရင် အသက်ဆုံးရှုံးနိုင်လို့ ယခုလို Wangzhen ဟာ နေအိမ်အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နေရတာပါ ။ Wangzhen ဟာ အရွယ်နဲ့မလိုက်အောင် ကြိုးစားနေမှုဟာ တွေ့မြင်ရသူတွေတိုင်းကို ရင်ထဲခံစားမှုတွေဖြစ်စေခဲ့ပါတယ် ။ Wangzhen ဟာ မိထွေးအကြောင်းပြောလိုက်ချိန်တိုင်း မျက်နှာလေးမှာ အပြုံးလေးတစ်ပွင့်ရှိနေခဲ့ပြီး ‘ သူမက ကျွန်တော့်အမေပါ ‘ ဆိုပြီးတော့လည်း ပြောဆိုနေလေ့ရှိပါတယ် ။
Zawgyi
တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 12 အရြယ္ ၊ Wangzhen အမည္႐ွိတဲ့ ေကာင္ေလးဟာ အပူခ်ိန္ 40 ဒီဂရီေက်ာ္တဲ့ ေန႔လယ္ခင္မွာ အိတ္ေလးတစ္လံုးလြယ္ၿပီး အပူတျပင္း ပလပ္စတစ္ဘူးခြံေလးေတြကို လိုက္လံေကာက္ယူေနခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ Wangzhen ဟာ သူ႔ရဲ႕ မိေထြးျဖစ္သူ ေဆးကုသစရိတ္အတြက္ ယခုလိုႀကိဳးစား႐ုန္းကန္ေနရတာပါပဲ ။ Wangzhen ရဲ႕ ဘဝအေၾကာင္းကို ေျပာရမယ္ဆိုရင္ 2 ႏွစ္သားအရြယ္က မိခင္အရင္းဟာ ေနအိမ္ကေနထြက္ခြာသြားခဲ့တာပါ ။ ဖခင္ျဖစ္သူကလည္း လုပ္ငန္းခြင္မွာ မေတာ္တဆမႈတစ္ခုေၾကာင့္ လက္ထိခိုက္သြားခဲ့ၿပီးေနာက္ အရင္လို အလုပ္အကိုင္မ်ိဳးေကာင္မြန္စြာ မလုပ္ႏိုင္ေတာ့ဘဲ အခ်ိန္ပိုင္းအလုပ္သမားအျဖစ္သာ လုပ္ကိုင္ေနခဲ့ရတာပါ ။
အဘြားျဖစ္သူမွာလည္း အေႂကြးေတြမ်ားစြာထားရစ္ခဲ့ၿပီးမွ ေသဆံုးသြားခဲ့တာေၾကာင့္ Wangzhen ဟာ အဘိုးျဖစ္သူကိုသာ အားကိုးမွီခိုေနခဲ့ရတာပါ ။ 9 ႏွစ္သားအရြယ္သို႔ ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာ ေနာက္အိမ္ေထာင္ျပဳခဲ့ပါတယ္ ။ မိေထြးျဖစ္သူဟာလည္း စိတ္သေဘာထားေကာင္းမြန္လြန္းသူျဖစ္တာေၾကာင့္ မိသားစုဝင္ေတြ အေတာ္ေလးေပ်ာ္ရႊင္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း Wangzhen ရဲ႕ ေပ်ာ္ရႊင္မႈက မၾကာခဲ့ပါဘူး ။
မိေထြးျဖစ္သူဟာ ေသြးကင္ဆာေရာဂါ ခံစားခဲ့ရခ်ိန္မွာေတာ့ ေဆးကုသမႈမခံရင္ အသက္ဆံုး႐ႈံးႏိုင္လို႔ ယခုလို Wangzhen ဟာ ေနအိမ္အျပင္ထြက္ၿပီး အလုပ္လုပ္ကိုင္ေနရတာပါ ။ Wangzhen ဟာ အရြယ္နဲ႔မလိုက္ေအာင္ ႀကိဳးစားေနမႈဟာ ေတြ႔ျမင္ရသူေတြတိုင္းကို ရင္ထဲခံစားမႈေတြျဖစ္ေစခဲ့ပါတယ္ ။ Wangzhen ဟာ မိေထြးအေၾကာင္းေျပာလိုက္ခ်ိန္တိုင္း မ်က္ႏွာေလးမွာ အျပံဳးေလးတစ္ပြင့္႐ွိေနခဲ့ၿပီး ‘ သူမက ကြၽန္ေတာ့္အေမပါ ‘ ဆိုၿပီးေတာ့လည္း ေျပာဆိုေနေလ့႐ွိပါတယ္ ။
Leave a Reply