မိခင်၏အုတ်ဂူလေးဆီသို့ သွားရောက်ပြီး အတန်းထဲတွင် အဆင့်တစ်ရလာခဲ့သော အမှတ်စာရင်းလေးတွေကို ဖတ်ပြရင်း ငိုကြွေးနေခဲ့သည့် အသက်၁၂နှစ်အရွယ် ကျောင်းသူလေး

မိခင်၏အုတ်ဂူလေးဆီသို့ သွားရောက်ပြီး အတန်းထဲတွင် အဆင့်တစ်ရလာခဲ့သော အမှတ်စာရင်းလေးတွေကို ဖတ်ပြရင်း ငိုကြွေးနေခဲ့သည့် အသက်၁၂နှစ်အရွယ် ကျောင်းသူလေး

လူတိုင်းသည် လောကကြီး၏ သဘာဝအကြောင်းကို သိရှိနေပြီလည်းဖြစ်မှာပါ။လူသားတို့သည် တစ်နေ့တစ်ချိန်တွင် ခွဲခွားခြင်းဆိုသည် ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ယခုတွင်လည်း မလေးရှားနိုင်ငံ အသက်၁၂နှစ်အရွယ်သာရှိသေးသည့် ၆တန်းကျောင်းသူလေးဟာလည်း သေဆုံးသွားပြီဖြစ်သော မိခင်ဖြစ်သူကို မမေ့နိုင်ဘဲရှိနေခဲ့ပါတယ်။

ထို့ကြောင့် အတန်းထဲတွင် ပထမရလာခဲ့သောအခါ မိခင်ဖြစ်သူကို မမေ့ဘဲ အုတ်ဂူလေးဆီသို့ အပြေးလာခဲ့ပြီး အမှတ်စာရင်းလေးတွေကို ကြွားနေခဲ့တာဖြစ်ပါတယ်။ကလေးမလေးဟာ အမှတ်စာရင်းတွေကို ဖတ်ပြနေရင်းဖြင့် ငိုကြွေးနေခဲ့သည့် ပုံရိပ်လေးတွေကို လူအများက မြင်တွေ့လိုက်ရသောအခါ ခံစားနိုင်ခြင်းမရှိတော့ဘဲ အချို့ယောကျာ်းလေးများပင် မျက်ရည်ကျရသည်အထိ ဖြစ်ခဲ့တယ်ဟု သိရှိခဲ့ရပါတယ်။

Zawgyi

 




Be the first to comment

Leave a Reply

Your email address will not be published.


*