မိခင်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ မိခင်ရဲ့ဓာတ်ပုံကိုအမြင့်ဆုံးတောင်ထိပ်အထိ ယူဆောင်သွားခဲ့တဲ့ကောင်လေး

မိခင်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ မိခင်ရဲ့ဓာတ်ပုံကိုအမြင့်ဆုံးတောင်ထိပ်အထိ ယူဆောင်သွားခဲ့တဲ့ကောင်လေး

အသက် ၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ထိုင်ဝမ်က အမြင့်ဆုံးတောင်ကို တက်ခြင်းအတွက် သူ့အမေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းခဲ့ခြင်းကြောင့် ပျံ့နှံ့မှုဖြစ်ပွားခဲ့ပါတယ် ။ သူဟာ တောင်ပေါ်ကိုတက်ဖို့ ခက်ခဲပေမယ့် ကောင်လေးဟာ မိခင်ကဘယ်နေရာမှာပဲရှိနေပါစေ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အ‌မေရဲ့ဆန္ဒကိုဖြည့်ဆည်းရန် စိန်ခေါ်မှုများကို ကျော်လွှားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ် ။

 

ပြီးခဲ့တဲ့လက ၈ နှစ်အရွယ် Tzuo Ze Gang အမည်ရှိ ကောင်လေးဟာ မိခင်ဖြစ်သူ အမြဲတက်ချင်နေခဲ့တဲ့ The Jade Mountain လို့ခေါ်တဲ့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတောင်ကို တက်ခဲ့ပါတယ် ။ ထိုင်ဝမ်က အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်ကျွန်းတွင်မဆိုစတုတ္ထအမြင့်ဆုံးဖြစ်တဲ့ Jade Mountain ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၉၅၂ မီတာရှိပါတယ် ။ ဒေသအလိုက် Yu Shan လို့ လူသိများတဲ့ Jade Mountain ဟာ မျိုးဆက်မှတစ်ဆက်သို့ကူးပြောင်းခဲ့တဲ့ ဒဏ္ဏာရီပုံပြင်များ နဲ့ ဇာတ်လမ်းများရဲ့နေရာလည်းဖြစ်ပါတယ် ။

 

ဒါပေမဲ့ Tzuo ဟာ တောင်တက်ရန် နောက်ထပ်အကြောင်းရင်းက သူ့မိခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရင် မိမိရဲ့မိခင် နဲ့ ပိုမိုနီးကပ်စွာနေရသလို ခံစားရတယ်လို့ဆိုပါတယ် ။ သူ့ရဲ့ဖခင် နဲ့ အတူကောင်လေးဟာ တောင်ပေါ်သို့တက်ခဲ့ပါတယ် ။ ဖခင်ဖြစ်သူရဲ့ အဆိုအရကောင်လေးဟာ အမြင့်ကိုတက်တဲ့အခါမှာ ဖျားနာခြင်းကြောင့် ခေါင်းကိုက်ခြင်းများဖြစ်ပွားခဲ့ပါတယ် ။ ဒါပေမဲ့ သူက ဇွဲမလျော့ဘဲ ဆက်လက်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

 

သူဟာ Jade Mountain ကို ရောက်နိုင်ခဲ့တဲ့အချိန်မှာ Tzuo က သူ့အမေအတွက်ကြီးမားတဲ့အရာတစ်ခု ပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုပြီး ဝမ်းသာပျော်ရွှင်ခဲ့ပါတယ် ။ “အမေ, သားတို့ထိပ်ကိုရောက်ရှိလာပြီ ! အမေ့ကို သွားတို့ Jade Mountain ထိပ်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီ ” ဆိုပြီး Tzuo ကကြွေးကြော်ခဲ့ပါတယ် ။ နောက်ပြီး မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ကောင်လေးရဲ့မျက်နှာပေါ်မှာ ဝမ်းသာပီတိဖြစ်နေပါတော့တယ် ။

Zawgyi

မိခင္ရဲ႕ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးဖို႔ မိခင္ရဲ႕ဓာတ္ပုံကိုအျမင့္ဆုံးေတာင္ထိပ္အထိ ယူေဆာင္သြားခဲ့တဲ့ေကာင္ေလး

အသက္ ၈ ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ဟာ ထိုင္ဝမ္က အျမင့္ဆုံးေတာင္ကို တက္ျခင္းအတြက္ သူ႔အေမရဲ႕ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းခဲ့ျခင္းေၾကာင့္ ပ်ံ႕ႏွံ႔မႈျဖစ္ပြားခဲ့ပါတယ္ ။ သူဟာ ေတာင္ေပၚကိုတက္ဖို႔ ခက္ခဲေပမယ့္ ေကာင္ေလးဟာ မိခင္ကဘယ္ေနရာမွာပဲရွိေနပါေစ ေပ်ာ္႐ႊင္ႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အ‌ေမရဲ႕ဆႏၵကိုျဖည့္ဆည္းရန္ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားဖို႔ စိတ္ပိုင္းျဖတ္ထားပါတယ္ ။

ၿပီးခဲ့တဲ့လက ၈ ႏွစ္အ႐ြယ္ Tzuo Ze Gang အမည္ရွိ ေကာင္ေလးဟာ မိခင္ျဖစ္သူ အၿမဲတက္ခ်င္ေနခဲ့တဲ့ The Jade Mountain လို႔ေခၚတဲ့ ထိုင္ဝမ္ရဲ႕ အျမင့္ဆုံးေတာင္ကို တက္ခဲ့ပါတယ္ ။ ထိုင္ဝမ္က အျမင့္ဆုံးေတာင္ထိပ္ျဖစ္ၿပီး ကမာၻေပၚရွိ မည္သည့္ကြၽန္းတြင္မဆိုစတုတၳအျမင့္ဆုံးျဖစ္တဲ့ Jade Mountain ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၃၉၅၂ မီတာရွိပါတယ္ ။ ေဒသအလိုက္ Yu Shan လို႔ လူသိမ်ားတဲ့ Jade Mountain ဟာ မ်ိဳးဆက္မွတစ္ဆက္သို႔ကူးေျပာင္းခဲ့တဲ့ ဒဏၰာရီပုံျပင္မ်ား နဲ႔ ဇာတ္လမ္းမ်ားရဲ႕ေနရာလည္းျဖစ္ပါတယ္ ။

 

ဒါေပမဲ့ Tzuo ဟာ ေတာင္တက္ရန္ ေနာက္ထပ္အေၾကာင္းရင္းက သူ႔မိခင္ရဲ႕ဆႏၵကိုျဖည့္ဆည္းေပးႏိုင္ရင္ မိမိရဲ႕မိခင္ နဲ႔ ပိုမိုနီးကပ္စြာေနရသလို ခံစားရတယ္လို႔ဆိုပါတယ္ ။ သူ႔ရဲ႕ဖခင္ နဲ႔ အတူေကာင္ေလးဟာ ေတာင္ေပၚသို႔တက္ခဲ့ပါတယ္ ။ ဖခင္ျဖစ္သူရဲ႕ အဆိုအရေကာင္ေလးဟာ အျမင့္ကိုတက္တဲ့အခါမွာ ဖ်ားနာျခင္းေၾကာင့္ ေခါင္းကိုက္ျခင္းမ်ားျဖစ္ပြားခဲ့ပါတယ္ ။ ဒါေပမဲ့ သူက ဇြဲမေလ်ာ့ဘဲ ဆက္လက္တက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။

သူဟာ Jade Mountain ကို ေရာက္ႏိုင္ခဲ့တဲ့အခ်ိန္မွာ Tzuo က သူ႔အေမအတြက္ႀကီးမားတဲ့အရာတစ္ခု ၿပီးေျမာက္ေအာင္ျမင္ခဲ့တယ္ဆိုၿပီး ဝမ္းသာေပ်ာ္႐ႊင္ခဲ့ပါတယ္ ။ “အေမ, သားတို႔ထိပ္ကိုေရာက္ရွိလာၿပီ ! အေမ့ကို သြားတို႔ Jade Mountain ထိပ္ကို ေခၚေဆာင္လာႏိုင္ခဲ့ၿပီ ” ဆိုၿပီး Tzuo ကေႂကြးေၾကာ္ခဲ့ပါတယ္ ။ ေနာက္ၿပီး မိခင္ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးႏိုင္ခဲ့လို႔ ေကာင္ေလးရဲ႕မ်က္ႏွာေပၚမွာ ဝမ္းသာပီတိျဖစ္ေနပါေတာ့တယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*