
မိခင်ဖြစ်သူ၏ဖုန်းကိုယူပြီး တစ်ခုကိုဒေါ်လာ၃၀၀၀တန်သည့် ရေခဲမုန့် ၅၁ခုကို လိုင်းပေါ်မှတစ်ဆင့် မှာယူခဲ့သည့် အသက်၄နှစ်အရွယ်ကလေးငယ်
ကလေးတို့သည် အရာရာကို မစူးစမ်းမဆင်ခြင်တတ်ဘဲ ဆန္ဒများကို ဦးစားပေးပြီး လုပ်တတ်ကြပေသည်။ထို့ကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်တို့ကို တစ်ဦးတည်း ပစ်မထားဘဲ အဖော်အဖြစ် လူကြီးတစ်ဦးဦးက အမြဲစောင့်ကြည့်ပေးနေရတတ်ပါတယ်။
အမေရိကန်နိုင်ငံမှ အသက်၄နှစ်အရွယ်ကလေးငယ်၏ လုပ်ရပ်ကြောင့် မိခင်ဟာတော့ အတော်လေးကို ဒုက္ခရောက်ကာ အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့ရပါတယ်။
ကလေးငယ်ဟာ မိခင်မသိချိန်တွင် ဖုန်းကိုယူပြီး ရေခဲမှုန့်များကို အွန်လိုက်မှတစ်ဆင့် မှာယူခဲ့တာဖြစ်ပါတယ်။ထိုရေခဲမုန့်များဟာ Sponge Bob Ice Cream ဖြစ်ပြီး တစ်ခုကို ဒေါ်လာ၃၀၀၀အထိပေးချေရသည်အထိ ရှိပေသည်။
ထိုသို့စျေးကြီးလှသော ရေခဲမုန့်များကို ကလေးငယ်က၅၁ခုအထိ မှာယူခဲ့တာဘဲဖြစ်ပါတယ်။ထို့ကြောင့် မိခင်ဖြစ်သူဟာ ရေခဲမုန့်ဖို့ပေးချေရန် ငွေကြေးမတတ်နိုင်သဖြင့် လိုင်းပေါ်မှတစ်ဆင့် အကူအညီတောင်းခံနေရပြီဘဲဖြစ်ပါတယ်။
Leave a Reply