
မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို သူမရဲ့ဇာတိမြို့မှာ မြှုပ်နှံဖို့ ဆိုင်ကယ်ပေါ်တင်သွားခဲ့တဲ့ အမျိုးသား(ရုပ်သံ)
မကြာသေးခင်က အမျိုးမျိုးသော social media ပလက်ဖောင်းတွေပေါ်မှာ ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ပါတယ်။အဆိုပါ ဗီဒီယိုက မော်တော်ဆိုင်ကယ်မောင်းနင်းသူ Sutejo အမည်ရှိတဲ့အမျိုးသားက သူနဲ့အတူ ဆိုင်ကယ်ရဲ့နောက်ကျောပေါ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိခင်ရဲ့ရုပ်အလောင်းကို သယ်ဆောင်နေခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုကို လူတစ်ယောက်က မလေးရှားနိုင်ငံ Boyolali မြို့မှာ ဖမ်းယူရိုက်ကူးခဲ့တာပါ။Sutejo ဟာ မိခင်ဖြစ်သူအတွက် စနစ်တကျမီးသဂြိုလ်နိုင်ဖို့ သူ့ရဲ့နေအိမ်ကနေ သူမရဲ့ဇာတိမြို့ဖြစ်တဲ့ Desa Kedung Lengkong Simo မြို့သို့ သွားနေခဲ့ပါတယ်။Sutejo ရဲ့နေအိမ်က Central Java ပြည်နယ် Jembungan မြို့ Banyudonoရွာမှာရှိပြီး မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို သဂြိုလ်ဖို့ ၁၀ ကီလိုမီတာ ဝေးတဲ့ခရီးကို ဆိုင်ကယ်နဲ့သွားခဲ့ပါတယ်။
Sutejo က မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ရွာပြင်က သင်္ချိုင်းမှာ သဂြိုလ်ဖို့ လုပ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ရွာသူရွာသားလူအများစုက မိခင်ဖြစ်သူက ၎င်းကျေးရွာရဲ့ ဇာတိမဟုတ်လို့ သဘောမတူခဲ့ကြကြောင်း ဆိုခဲ့ပါတယ်။သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ၎င်းရွာသူရွာသားတွေက Sutejo ရဲ့မိခင်ကို ၎င်းနေရာမှာ သဂြိုလ်ဖို့ ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း ၊
Sutejo ရဲ့မိခင်က သူ့နေအိမ်မှာ ကွယ်လွန်ခဲ့တဲ့သတင်းကိုလည်း မသိခဲ့ရကြောင်း ပြောဆိုနေခဲ့ကြပါတယ်။ထို့အပြင် Sutejo က သူတို့နဲ့ စကားပြောတဲ့အခါ အလွန်လျှိုဝှက်တတ်သူတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေခဲ့ကြပါသေးတယ်။
Leave a Reply