မိခင်ဖြစ်သူရဲ့မေ့လျော့မှုကြောင့်လော့ကျနေတဲ့ကားထဲအိပ်ပျော်နေတဲ့ခလေးကို၊ကယ်တင်ခဲ့ကြတဲ့လမ်းသွားလမ်းလာလူတစု

မိခင်ဖြစ်သူရဲ့မေ့လျော့မှုကြောင့်လော့ကျနေတဲ့ကားထဲအိပ်ပျော်နေတဲ့ခလေးကို၊ကယ်တင်ခဲ့ကြတဲ့လမ်းသွားလမ်းလာလူတစု

လော့ကျနေတဲ့ကားထဲမှာခလေးငယ်တွေဖြစ်ဖြစ်၊အိမ်မွေးတိရိစ္ဆာန်လေးတွေပဲဖြစ်ဖြစ်ပိတ်မိခဲ့ရင်၊ကားထဲကအပူရှိန်ကြောင့်ပိတ်မိသူတွေရဲ့ခန္ဓာကိုယ်အပူချိန်ဟာလျော့ကျတတ်ပီး၊အသက်အန္တရာယ်အထိကိုထိခိုက်စေတတ်ပါတယ်။ဒါကြောင့်အထူးသဖြင့်၊ခလေးငယ်တွေကိုကားထဲမှာပိတ်ကျန်ခဲ့တာတွေမဖြစ်ဖို့အထူးသတိထားဖို့လိုပါတယ်။

ယခုတခေါက်မှာလဲခလေးငယ်တစ်ယောက်ဟာ၊မိခင်ဖြစ်သူရဲ့မေ့လျော့မှုကြောင့်ကားထဲမှာတံခါး​လော့ကျလျက်အိပ်ကျန်နေခဲ့ပါတယ်။ထို့နောက်လမ်းသွားလမ်းလာလူတစ်ယောက်က၊ကားထဲမှာခလေးငယ်အိပ်ပျော်နေတာကိုသတိထားမိခဲ့ပီး၊အန္တရာယ်ဖြစ်မှာကိုကြိုမြင်လို့အနီးနားကလူတွေကိုပါခေါ်ပီး၊ခလေးမလေးကိုကယ်တင်ဖို့ဖို့ပြုလုပ်ခဲ့ကြပါတယ်။

ကလေးကိုအော်နိုးသူကနိုး၊ကားကိုလူအင်အားနဲ့လှုပ်တဲ့သူကလှုပ်နဲ့၊နည်းလမ်းမျိုးစုံလှုပ်နှိုးခဲ့ကြပါတယ်။ထို့​​နောက်ကံကောင်းစွာနဲ့အချိန်တိုတွင်းမှာပဲ၊လူအများရဲ့အော်ဟစ်လှုပ်နှိုးတဲ့အသံကြောင့်၊ခလေးမလေးဟာနှိုးလာခဲ့ပါတယ်။အဲ့ဒီနောက်ကလေးမလေးကိုကားတံခါးလော့နေရာပြပီး၊တံခါးဖွင့်ခိုင်းတဲ့အခါမှာတော့အန္တရာယ်ကင်းစွာနဲ့အပြင်ကိုရောက်လာပါတော့တယ်။

အကယ်လို့ခလေးမလေးသာမနှိုးခဲ့ဘူးဆိုရင်တော့၊ကားတံခါးကိုဖျက်စီးပီးတော့ကယ်တာပဲဖြစ်ဖြစ်လုပ်ရတော့မှာပါ။ သို့ပေမဲ့ခခေးမလေးလဲပြည်သူတွေရဲ့ကယ်တင်မှုကြောင့်၊အသက်ဘေးကလွတ်မြောက်ခဲ့တာအလွန်ကံကောင်းတယ်ပဲပြောရမှာပါ။

ထိုကဲ့သို့လူသားချင်းစာနာတဲ့လူတစုရဲ့လုပ်ရပ်လေးကြောင့်၊netizenများကဝမ်းမြောက်ဝမ်းသာစွာချီးကျူးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*