
မိခင်ဖြစ်သူနှင့်မောင်နှမ၅ဦးတို့ကို ရှာဖွေကျွေးမွေးနိုင်ရန်အတွက် အလုပ်သွားလျှောက်ရာ ရုပ်ရည်ကြောင့်အလုပ်မရခဲ့သည့်ကောင်မလေး ဘဝးကို စိတ်နာကာ ပြောင်းလဲပစ်ခဲ့သောအခါ
တစ်ခါတစ်လေတွင် လူသားများ၏ ခွဲခြားဆက်ဆံမှုသည် အလွန်ပင် ကြောက်စရာကောင်းနေခဲ့ပေသည်။လူသားအချင်းချင်းကိုပင် အဘယ်ကြောင့် နှိမ်ချဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံနေခဲ့ရလဲဆိုတာ ခွဲခြားမရခဲ့ပါ။
ယခုတွင်လည်း Phant Mayဆိုသည့် ကောင်မလေးသည် ဆယ်တန်းအောင်မြင်ပြီးသည့်အချိန်တွင် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသောကြောင့် တက္ကသိုလ်ဆက်မတတ်နိုင်ဘဲ မိသားစု၏တာဝန်များကို ရယူရန် အကြောင်းဖန်လာခဲ့ပါတယ်။
ထို့ကြောင့် ကောင်မလေးဟာ မိခင်နှင့်မောင်နှမ၅ဦးကို လုပ်ကျွေးရန် အလုပ်သွားလျှောက်ခဲ့ရာ ရုပ်ရည်ကြောင့် အလုပ်မပေးပဲ ငြင်းပယ်ခံခဲ့ရပါတယ်။
ကောင်မလေးဟာလည်း အလွန်စိတ်နာသွားခဲ့ပြီး မျက်နှာတစ်ခုလုံးကို ပြောင်းလဲပြစ်ခဲ့ပါတယ်။ထို့နောက်တွင် ပြောင်းလဲခါးသော ရုပ်ရည်ကြောင့် ဓာတ်ပုံမော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်ကာ အောင်မြင်မှုများ ရရှိလာခဲ့ပါတယ်။
Leave a Reply