မိခင်ဖြစ်သူကို အကြွေစေ့လေးများဖြင့် မွေးနေ့လက်ဆောင်ဝယ်ပေးချင်သော်လည်း ပိုက်ဆံမပြည့်သည့်ကလေးငယ်ကို ဆိုင်ရှင်က လှပစွာ အကူအညီပေးခဲ့

မိခင်ဖြစ်သူကို အကြွေစေ့လေးများဖြင့် မွေးနေ့လက်ဆောင်ဝယ်ပေးချင်သော်လည်း ပိုက်ဆံမပြည့်သည့်ကလေးငယ်ကို ဆိုင်ရှင်က လှပစွာ အကူအညီပေးခဲ့

ယခုအခါတွင် သမီးငယ်လေးတစ်ဦး၏ ကြည်နူးဖွယ် ဗီဒီယိုင်ဖိုင်လေးဟာ ကြည့်ရှုသူ၆သန်းကျော်သည်အထိကို ရှိနေခဲ့ပါတယ်။ထိုကလေးမလေးဟာ မိခင်ဖြစ်သူ၏ မွေးနေ့ကို အသိအမှတ်ပြုသည့်အနေဖြင့် အင်္ကျီတစ်ထည်ဝယ်ကာ လက်ဆောင်ပေးချင်နေခဲ့ပါတယ်။

 

ထို့ကြောင့် စုထားသော အကြွေစေ့လေးတွေကို ကိုင်ဆောင်ပြီး အထည်ဆိုင်တစ်ခု၏ရှေ့တွင် ၁၀မိနစ်ခန့်ကြာအောင် အကြွေစေ့လေးတွေကို ရေတွက်နေခဲ့ပါတယ်။

ထိုအခါ ဆိုင်ရှင်ကလည်း ကလေးငယ်ကို သတိထားမိသွားပြီး မေးမြန်းခဲ့ပါတယ်။ကလေးငယ်ဟာလည်း ဆိုင်ရှင်ကို အကြောင်းစုံရှင်ပြခဲ့ပြီး သူမတွင်ရှိသော ပိုက်ဆံဟာ မလုံလောက်နိုင်ဘူးလို့ဆိုခဲ့ပါတယ်။

ဆိုင်ရှင်ဟာလည်း ကလေး၏ စိတ်ထားကို သဘောကျသွားပုံရပြီး ကလေးငယ်၏ပိုက်ဆံဟာ များပြားပြီး လုံလောက်တယ်ဟုဆိုကာ ကြိုက်နှစ်သက်ရာ အင်္ကျီတစ်ထည်ကို ယူစေခဲ့ပါတယ်။ထိုအခါ ကလေးငယ်ဟာလည်း ကြိုက်နှစ်သက်ရာကို ရွေးယူပြီး မိခင်ဖြစ်သူကို သွားပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*