မိခင်ဖြစ်သူကိုမရိုသေမလေးစားတဲ့အပြင်၊အိမ်ဖော်တစ်ယောက်လိုခိုင်းခဲ့တဲ့မိန်းမရဲ့လုပ်ရပ်ကိုသိပီးနောက်ကွာရှင်းလိုက်တဲ့သား

မိခင်ဖြစ်သူကိုမရိုသေမလေးစားတဲ့အပြင်၊အိမ်ဖော်တစ်ယောက်လိုခိုင်းခဲ့တဲ့မိန်းမရဲ့လုပ်ရပ်ကိုသိပီးနောက်ကွာရှင်းလိုက်တဲ့သား

ဆင်းရဲတဲ့ကျေးလက်ဒေသတခုမှာနေထိုင်ကြတဲ့ဇနီးမောင်နှံနှစ်ဦးဟာ၊ရွာထဲမှာပဲရုန်းကန်ရှာဖွေစားသောက်ရပါတယ်။သို့ပေမဲ့၎င်းတို့မှာရှိတဲ့တစ်ဦးတည်းသောသားလေးကိုတော့၊ပညာရေးမှာမျက်နှာမငယ်အောင်ထောက်ပံ့နိုင်အောင်ကြိုးစားပေးခဲ့ကြပါတယ်။ပညာရေးကိုအဓိကထားသင်ကြားစေပီး၊၎င်းတို့လိုကျေးလက်ဒေသမှာပဲရုန်းကန်လှုပ်ရှားရတဲ့ဘဝမရောက်အောင်လို့ဆိုပီးခြိုးခြံချွေတာရင်းနဲ့သားဖြစ်သူကိုကျောင်းတက်စေခဲ့ပါတယ်။

ထို့နောက်၎င်းတို့ရဲ့သားလေးဟာunniversityကျောင်းတစ်ကျောင်းမှာဘွဲ့ရခဲ့ပီး၊မြို့မှာရှိတဲ့ကုမ္ပဏီတခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။၎င်းတို့ရဲ့သားဟာအလုပ်ကြိုးစားလွန်းတာကြောင့်၊အလျင်အမြန်ပဲကုမ္ပဏီကြီးတခုကိုအုပ်ချုပ်တဲ့သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ထို့နောက်၎င်းတို့ရဲ့သားဟာ၊မြို့မှာပဲလှပချောမောတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။၎င်းတို့ရဲ့သားကလဲမိဘတွေကိုအဆင်ပြေပြေသက်တောင့်သက်သာနေရအောင်ဆိုပီးမြို့မှာခေါ်နေခဲ့ပေမဲ့မိဘများကရွာမှာပဲဆက်နေခဲ့ပါတယ်။

ထို့နောက်ဖခင်ဖြစ်သူကသေဆုံးသွားခဲ့တဲ့အခါမှာတော့၊မိခင်ကို၎င်းရဲ့သားဟာအိမ်ခေါ်နေခဲ့ပါတယ်။ချွေးမဖြစ်သူဟာမိခင်ကိုအထင်သေးဆက်ဆံခဲ့တာကိုသားဖြစ်သူကတော့အစပိုင်းမှာမသိခဲ့ပါဘူး။မိခင်ကလဲသားဖြစ်သူစိတ်ဆင်းရဲမှာစိုးတဲ့အတွက်ခေါင်းငုံ့ခံပေးခဲ့ပါတယ်။တနေ့မှာတေ့ာချွေးမဖြစ်သူကအဝတ်လျှော်ခိုင်းခဲ့ရာ၊စက်နဲ့လျှော်မရတဲ့အကျီကိုစက်နဲ့လျှော်မိလို့ဆိုပီး၊

ယောက္မကိုအော်ငေါက်ဆူဆဲပီးရွာပြန်နေတော့လို့ပြောခဲ့တာကြောင့်၊အမေအိုလဲငိုယိုပီးအဝတ်ထုပ်နဲ့လမ်းလျှောက်ထွက်လာခဲ့ပါတယ်။သားဖြစ်သူကအမေအိုကိုအထုပ်နဲ့မြင်လိုက်တဲ့အချိန်မှာတော့၊အကျိုးကြောင်းအကုန်သိသွားပီး​နောက်၊မိန်းမဖြစ်သူကိုချက်ချင်းပဲကွာရှင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။၎င်းရဲ့မိန်းမဟာငွေမျက်နှာကြောင့်၊သူ့ကိုချစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။၎င်းတို့ရဲ့သားလေးကတော့မိခင်ကိုတစ်သက်လုံးစိတ်ချမ်းသာစောင့်ရှောက်ရအောင်ဆိုပီး၊စိတ်ထားညံ့ပီးမအေအိုကိုနှိပ်စက်နေတဲ့မိန်းမကိုအလျင်အမြန်ပဲကွာရှင်းခဲ့လိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*