မိခင်ဆုံးသွားပေမဲ့ ဖခင်အတွက် ချက်ပြုတ်ပြီး အိမ်မှုကိစ္စတွေ တာဝန်ယူလုပ်ဆောင်ပေးနေတဲ့ ၅ နှစ်အရွယ် သမီးလိမ္မာလေး

ဂျပန်နိုင်ငံ၊ Fukuoka မြို့မှာ နေထိုင်တဲ့ Hana-chan ဟာ ၅ နှစ်အရွယ်ကလေးငယ်သာရှိသေးပေမဲ့ မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့တာဝန်ကို ထမ်းဆောင်တက်တဲ့ ကလေးမလေးတစ်ယောက်ပါ ။ Hana ၅ နှစ်အရွယ်မှာ သူမရဲ့ မိခင်ဖြစ်သူ Chie က ရင်သားကင်ဆာရောဂါကြောင့် ကွယ်လွန်သွားပြီး Hana-chan နဲ့ သူမရဲ့ခင်းပွန်းကို ချန်ထားခဲ့ပါတယ် ။

Hana ၄ နှစ်အရွယ်မှာ ဓားကိုလုံခြုံစွာ ကိုင်ဆောင်နိုင်လောက်တဲ့ အသက်အရွယ်ကြောင့် မိခင်က သူမကို ချက်ပြုတ်ရန် သင်ကြားပေးခဲ့ပါတယ် ဒါကြောင့် မိခင်ဆုံးပြီးကတည်းက မိခင်သင်ကြားပေးတဲ့အတိုင်း သူမက မနက်ခင်းမှာ ဖခင်တွက် ထမင်းဟင်းချက်ပြီး နံနက်စာစားခဲ့ပါတယ် ။ ပြီးတော့ သူမက သူမရဲ့ အိမ်မွေးတိရိစ္ဆာန်ခွေးတွေကိုလည်း ကျွေးမွေးခဲ့ပါတယ် ။ သူမကျောင်းဆင်းပြီး အိမ်ပြန်ရောက်တာနဲ့ Hana-chan ကအဝတ်လျှော်ပြီး ကိုယ်တိုင်ခေါက် သိမ်းဆည်းရပါတယ် ။

 

ရေချိုးကန်နဲ့ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီး ဖခင်အတွက် ညစာပြင်ဆင်ပေးရပါတယ် ။ မိခင်ဖြစ်သူ Chie ဟာ Hana နဲ့အတူမရှိတော့ပေမဲ့ သူမရဲ့အမှတ်တရတွေက Hana နဲ့ Shingo တို့ရဲ့ စိတ်နှလုံးထဲမှာ အမြဲရှိနေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Zawgyi



 


Be the first to comment

Leave a Reply

Your email address will not be published.


*