မိခင်ငန်းဖြူမကြီးနှင့် သူဧ။်ဥများကို ရေထဲတွင် ပျက်စီးမသွားပဲ အောင်မြင်စွာ ပေါက်ဖွားနိုင်ရန် ဖောင်ငယ်လေးတစ်ခု လုပ်ပေးခဲ့သော အမျိုးသား
မိခင်ငန်းဖြူမကြီးနှင့် သူဧ။်ဥများကို ရေထဲတွင် ပျက်စီးမသွားပဲ အောင်မြင်စွာ ပေါက်ဖွားနိုင်ရန် ဖောင်ငယ်လေးတစ်ခု လုပ်ပေးခဲ့သော အမျိုးသား
မိဘများဧ။် သဘာဝအရ တိရစ္ဆာန်လေးများကအစ သူတို့ ကလေးငယ်လေးတွေအား အန္တရာယ်ကျရောက်မည့်အချိန်တွင် အစွမ်းကုန် ကာကွယ်ပေးကြသော်လည်း တစ်ဖက်က အင်အားကြီးနေသောအခါ မတတ်နိုင်သည့်အဆုံးမှာတော့ ဆုံးရှုံးသွားကြရသည်။သို့ဖြစ်၍ အင်္ဂလန်နိုင်ငံ Jones Boatyard အနီးနားရှိ ရေကန်ဘေးတွင် ကျင်လည် ကျက်စားနေထိုင်သော ငန်းမကြီးတစ်ကောင်တွင် ဥများ ဥသည့်အခါ မဝပ်လိုက်ရသေးပဲ ခွေးဆွဲခြင်း သို့မဟုတ် ရေကြီးခြင်းကြောင့် ဥများပျက်စီး ခဲ့ရသည်မှာ အကြိမ်ပေါင်းမနည်းပါ။
ထိုအဖြစ်အပျက်ကို သိရှိသွားသော Rob Adamson အမည်ရှိသော အမျိုးသားသည် စိတ်ကူးမိကာ ငန်းဖြူမကြီးအား ဥများအောင်မြင်စွာ ပေါက်ဖွားလာရန် ကူညီသည့်အနေနှင့် ရေပေါ်ဖောင်ငယ်လေးတစ်ခုဆောက်လုပ်ပေးခဲ့သည်။ငန်းမကြီးမှာ သူ့ကလေးများကို ဆုံးရှုံးလိုက်ရခြင်းဖြင့် ကြေကွဲနေမည်ကို အမျိုးသားမှာ တွေးမိရင်း စာနာသနားသော အားဖြင့် ငန်းပေါက်လေးတွေနှင့်အတူ တစ်ကြိမ်တစ်ခါလောက် မြူးထူးပျော်ပါးမှုအား ရရှိစေရန် ကူညီခဲ့ခြင်းဖြစ်သည်။
ယခုအခါ အမျိုးသားဧ။် ဖောင်ငယ်လေးကြောင့် ငန်းဥလေးများမှာ အကောင်ပေါက်လာပြီး မိခင်ငန်းမကြီးနှင့်အတူ ရှင်သန်ကြီးထွား နေပြီဖြစ်၍ အများမှ ကြင်နာတတ်သော သူကြီး အဖြစ် ချီးကျူးခဲ့ကြသည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*