မသေခင်မှာ ခင်မင်ရင်းနှီးသူတွေကို နှစ်ရက်ဆက်တိုက် ပါတီပွဲကျင်းပပြီး နှုတ်ဆက်ခဲ့တဲ့ အမျိုးသမီး

Betsy Davis အမည်ရှိ အသက် ၄၁ နှစ်အရွယ် အမေရိကန် ဓါတ်ပုံဒါရိုက်တာဟာ ALSဒါမှမဟုတ် Lou Gehrig အမည်ရှိ နာတာရှည် ရောဂါတစ်မျိုးကြောင့် ဘဝရဲ. နောက်ဆုံးချိန်ကို ရောက်နေတာပါ ။ သူမရဲ. ဘဝနောက်ဆုံးချိန်ကိုတော့ သူမက နှစ်ရက်တာ ပါတီပွဲကျင်းပပြီး သူမရဲ. အချစ်ဆုံးသော သူငယ်ချင်းတွေနဲ့ ဆွေမျိုးရင်းချာတွေကို ဖိတ်ကြားခဲ့ပါတယ်။

သူမရဲ. ဒီနှုတ်ဆက်ပွဲမှာ စည်မျဉ်းတစ်ခုရှိပါတယ် ၊ အဲ့ဒါကတော့ သူမအရှေ.မှာ မငိုဖို့ပါပဲ ။ သူမဟာ သေမှာ သေချာနေတာမို့ သူမရဲ. ချစ်ခင်ရသူတွေကို ဖိတ်ခေါ်ပြီး သူမရဲ. နောက်ဆုံးခရီးအတွက် နှုတ်ဆက်ပွဲကျင်းပခဲ့တာပါ ။ ဒါ့အပြင် သူမရဲ. ရောဂါဟာ ကယ်လဖိုးနီးယား ရဲ. မိမိကိုယ်ကို သတ်သေခွင့် ဥပဒေအရ သတ်သေဖို့ အကြုံးဝင်နေတာမို့ ဆရာဝင်တစ်ဦးရဲ. ဆေးထိုးပြီး အဆုံးစီရင်ဖို့ ပြုလုပ်နိုင်ခွင့်လည်း ရှိနေတာပါ။

သူမရဲ. ပါတီကိုတော့ နီးစပ်ရာ အနုပညာအသိုင်းအဝိုင်းက လူပေါင်း သုံးဆယ်လောက် တက်ရောက်ခဲ့ကြပြီး ပါတီမှာ အစားအသောက်တွေ အဖျော်ယမကာတွေနဲ့ ပျော်ပျော်ပါးပါး ရှိနေခဲ့ကြပါတယ်။ သူမအကြိုက်ဆုံး ဇာတ်ကားတစ်ကားဖြစ်တဲ့ The Dance of Reality  ဆိုတဲ့ ဇာတ်ကားကိုလည်း ဖွင့်ထားပေးပါတယ် ။

သူမနဲ့ အပေါင်းအသင်းတွေဟာ ဓါတ်ပုံတွေ စုရိုက်ကြ ပွေ့ဖက်ကြနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေသွားပါတယ် ။ သူမရဲ. ဖိတ်စာထဲမှာလည်း စည်းကမ်းသတ်မှတ်ချက် ဘာဆိုဘာမှ ရှိမှာမဟုတ် ဝတ်ချင်တာဝတ် ပြောချင်တာပြော ကခုန်သီချင်းဆိုမယ် ၊ ဆုတောင်းမယ် တစ်ခုပဲ ကျွန်မရှေ.မှာ မငိုပါနဲ့ လို့ ရေးထားပါတယ်။

သူမအခုတော့ မိမိကိုယ်ကို အဆုံးစီရင်သွားပြီ ဖြစ်ပါတယ် ။ အမေရိကားက ကယ်လဖိုးနီးယားအပါအဝင် ပြည်နယ်တစ်ချို.မှာ ၁၉၉၇ ခုနှစ်ကတည်းက မခံမရပ်နိုင်အောင် နာကျင်တဲ့ နာတာရှည်ရောဂါဆိုးတွေကို ခံစားနေရသူတွေဟာ ဆရာဝန်ဆီကနေ ဆေးထိုးပြီး မိမိကိုယ်ကို သတ်သေခွင့် တောင်းခံနိုင်မယ့် ဥပဒေကို ပြငှားန်းထားပြီး သူမက သတ်သေသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*