မသန်စွမ်းပေမဲ့လည်း မိသားစုဝင်တွေကို အကောင်းဆုံးကျွေးမွေးထောက်ပံ့နေတဲ့ အမျိုးသား

မသန်စွမ်းပေမဲ့လည်း မိသားစုဝင်တွေကို အကောင်းဆုံးကျွေးမွေးထောက်ပံ့နေတဲ့ အမျိုးသား.

ဆန်စပါးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာက ခက်ခဲပင်ပန်းလွန်းတဲ့အလုပ်လို့ မှတ်ယူကြပြီး စပါးတွေ အထွက်တိုးအောင် မကြာခဏကြီးကြပ်ရန်လိုအပ်တာကြောင့် အလုပ်များစွာလုပ်ရပါတယ် ။ ဒါပေမဲ့ Li Jiewen လို့ခေါ်တဲ့ အမျိုးသားက ပိုလီယိုရောဂါကြောင့် ခြေထောက်ဖြတ်တောက်ခံရပေမဲ့ လယ်စပါးလုပ်ငန်းလုပ်ဆောင်ပြီး ရွှံ့တွေနဲ့ တစ်နေ့လုံးနေရောင်အောက်မှာ ကြိုးကြိုးစားစား လုပ်ဆောင်နေခဲ့ရပါတယ် ။

Li မွေးဖွားချိန်မှာ သူ့မိဘတွေက သူ့ကိုသားဦးအနေဖြင့် အလွန်နှစ်သက်ကြတာပါ ။ မွေးရာပါ Poliomyelitis (သို့) ပိုလီယိုရောဂါကို ခံစားနေရမှန်းသိလိုက်ရတဲ့အခါမှာ သူတို့ဝမ်းနည်းသွားကြပါတယ် ။သို့ပေမဲ့ Li ဟာ သူ့ရဲ့ အခြေအနေကို လက်ခံနိုင်ခဲ့ပါတယ် ။ သူက “ ကျွန်တော့်မှာ ခြေထောက်မရှိပေမဲ့ ကျွန်တော့်ဘဝကို ဘယ်တော့မှ စိတ်မပျက်ခဲ့ဘူး ” လို့ ဆိုခဲ့ပါတယ် ။ Li ဟာ သူ မူလတန်းကျောင်းပြီးတာနဲ့ အလယ်တန်းဆက်တက်ဖို့ သူ့အိမ်နဲ့ ဝေးလွန်းတာကြောင့် ထပ်မံပြီး သင်ကြားဖို့ မဖြစ်နိုင်ခဲ့ပါဘူး ။

ဒါ့ကြောင့် သူဟာ မူလတန်းပညာရေးသာလျှင် အခြေချခဲ့ပါတယ် ။ နောက်ပြီး ဗိုင်းရပ်စ်ပိုးက အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို မပျံ့နှံ့စေရန် သူ့ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ခြင်းနဲ့ တားဆီးခဲ့ပါတယ် ။ နှစ်အနည်းငယ်အကြာ အသက် ၂၆ နှစ်အရွယ်မှာ Li က လက်ထပ်ယူခဲ့ပါတယ် ။ သူ မလိုတဲ့သံမဏိတွေကို စုဆောင်းပြီး ချိုင်းထောက်တွေအဖြစ် ပြောင်းခဲ့ပါတယ် ။သူဟာ စပါးစိုက်ခင်းများ၊ စပါးမျိုးစေ့များကို စိုက်တဲ့အခါ တာယာကိုယူပြီး ရေလွှမ်းမိုးတဲ့စပါးစိုက်ခင်းထဲကို ထည့်လိုက်ပြီး တာယာဟာ ရေထဲမျောနေတာကြောင့် သူဟာ သစ်တုံးကိုတာယာရဲ့အပေါ်မှာ တင်ပြီး ထိုင်လိုက်ပါတယ် ။

Li ဟာ သူ့မိသားစုအသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ အိမ်တစ်လုံးတည်ဆောက်ရန် ခရိုင်ရဲ့ မသန်စွမ်းသူများဆိုင်ရာပြည်ထောင်စုနဲ့ ကျေးရွာကိုယ်စားလှယ်ကောင်စီထံမှ အကူအညီရရှိခဲ့ပါတယ် ။ သူ့စီးပွားရေးလုပ်ငန်းအတွက် ဆိုင်ဖွင့်ရန်လည်း အထောက်အပံ့ရရှိခဲ့သေးပါတယ် ။ Li ရဲ့ ဇွဲရှိရှိ နဲ့ ကြိုးစားအားထုတ်မှုက ကျွန်ုပ်တို့ ကြုံတွေ့ရမယ့် အခက်အခဲများနဲ့ စိန်ခေါ်မှုများကြားမှ ကျွန်ုပ်တို့ရဲ့ဘဝကို တန်ဖိုးထားလေးစားရန်နဲ့ ပိုမိုကြိုးစားလုပ်ကိုင်နိုင်ရန် လှုံ့ဆော်ပေးနေပါတယ် ။

Zawgyi

မသန္စြမ္းေပမဲ့လည္း မိသားစုဝင္ေတြကို အေကာင္းဆုံးေကြၽးေမြးေထာက္ပံ့ေနတဲ့ အမ်ိဳးသား.

ဆန္စပါးလုပ္ငန္းခြင္မွာ အလုပ္လုပ္ရတာက ခက္ခဲပင္ပန္းလြန္းတဲ့အလုပ္လို႔ မွတ္ယူၾကၿပီး စပါးေတြ အထြက္တိုးေအာင္ မၾကာခဏႀကီးၾကပ္ရန္လိုအပ္တာေၾကာင့္ အလုပ္မ်ားစြာလုပ္ရပါတယ္ ။ ဒါေပမဲ့ Li Jiewen လို႔ေခၚတဲ့ အမ်ိဳးသားက ပိုလီယိုေရာဂါေၾကာင့္ ေျခေထာက္ျဖတ္ေတာက္ခံရေပမဲ့ လယ္စပါးလုပ္ငန္းလုပ္ေဆာင္ၿပီး ႐ႊံ႕ေတြနဲ႔ တစ္ေန႔လုံးေနေရာင္ေအာက္မွာ ႀကိဳးႀကိဳးစားစား လုပ္ေဆာင္ေနခဲ့ရပါတယ္ ။

Li ေမြးဖြားခ်ိန္မွာ သူ႔မိဘေတြက သူ႔ကိုသားဦးအေနျဖင့္ အလြန္ႏွစ္သက္ၾကတာပါ ။ ေမြးရာပါ Poliomyelitis (သို႔) ပိုလီယိုေရာဂါကို ခံစားေနရမွန္းသိလိုက္ရတဲ့အခါမွာ သူတို႔ဝမ္းနည္းသြားၾကပါတယ္ ။သို႔ေပမဲ့ Li ဟာ သူ႔ရဲ႕ အေျခအေနကို လက္ခံႏိုင္ခဲ့ပါတယ္ ။ သူက “ ကြၽန္ေတာ့္မွာ ေျခေထာက္မရွိေပမဲ့ ကြၽန္ေတာ့္ဘဝကို ဘယ္ေတာ့မွ စိတ္မပ်က္ခဲ့ဘူး ” လို႔ ဆိုခဲ့ပါတယ္ ။ Li ဟာ သူ မူလတန္းေက်ာင္းၿပီးတာနဲ႔ အလယ္တန္းဆက္တက္ဖို႔ သူ႔အိမ္နဲ႔ ေဝးလြန္းတာေၾကာင့္ ထပ္မံၿပီး သင္ၾကားဖို႔ မျဖစ္ႏိုင္ခဲ့ပါဘူး ။

ဒါ့ေၾကာင့္ သူဟာ မူလတန္းပညာေရးသာလွ်င္ အေျခခ်ခဲ့ပါတယ္ ။ ေနာက္ၿပီး ဗိုင္းရပ္စ္ပိုးက အျခားခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို မပ်ံ႕ႏွံ႔ေစရန္ သူ႔ေျခေထာက္ႏွစ္ဖက္စလုံးကို ျဖတ္ေတာက္ျခင္းနဲ႔ တားဆီးခဲ့ပါတယ္ ။ ႏွစ္အနည္းငယ္အၾကာ အသက္ ၂၆ ႏွစ္အ႐ြယ္မွာ Li က လက္ထပ္ယူခဲ့ပါတယ္ ။ သူ မလိုတဲ့သံမဏိေတြကို စုေဆာင္းၿပီး ခ်ိဳင္းေထာက္ေတြအျဖစ္ ေျပာင္းခဲ့ပါတယ္ ။သူဟာ စပါးစိုက္ခင္းမ်ား၊ စပါးမ်ိဳးေစ့မ်ားကို စိုက္တဲ့အခါ တာယာကိုယူၿပီး ေရလႊမ္းမိုးတဲ့စပါးစိုက္ခင္းထဲကို ထည့္လိုက္ၿပီး တာယာဟာ ေရထဲေမ်ာေနတာေၾကာင့္ သူဟာ သစ္တုံးကိုတာယာရဲ႕အေပၚမွာ တင္ၿပီး ထိုင္လိုက္ပါတယ္ ။

Li ဟာ သူ႔မိသားစုအသစ္နဲ႔ ပိုမိုေကာင္းမြန္တဲ့ အိမ္တစ္လုံးတည္ေဆာက္ရန္ ခ႐ိုင္ရဲ႕ မသန္စြမ္းသူမ်ားဆိုင္ရာျပည္ေထာင္စုနဲ႔ ေက်း႐ြာကိုယ္စားလွယ္ေကာင္စီထံမွ အကူအညီရရွိခဲ့ပါတယ္ ။ သူ႔စီးပြားေရးလုပ္ငန္းအတြက္ ဆိုင္ဖြင့္ရန္လည္း အေထာက္အပံ့ရရွိခဲ့ေသးပါတယ္ ။ Li ရဲ႕ ဇြဲရွိရွိ နဲ႔ ႀကိဳးစားအားထုတ္မႈက ကြၽႏ္ုပ္တို႔ ႀကဳံေတြ႕ရမယ့္ အခက္အခဲမ်ားနဲ႔ စိန္ေခၚမႈမ်ားၾကားမွ ကြၽႏ္ုပ္တို႔ရဲ႕ဘဝကို တန္ဖိုးထားေလးစားရန္နဲ႔ ပိုမိုႀကိဳးစားလုပ္ကိုင္ႏိုင္ရန္ လႈံ႕ေဆာ္ေပးေနပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*