မရှိဆင်းရဲသားများနှင့် ကျောင်းသားများအား တစ်ပတ်တစ်ခါ ဟင်းသီးဟင်းရွက် အခမဲ့ပေး အလှူလုပ်နေသော ကြင်နာတတ်သူအမျိုးသားကြီး

မရှိဆင်းရဲသားများနှင့် ကျောင်းသားများအား တစ်ပတ်တစ်ခါ ဟင်းသီးဟင်းရွက် အခမဲ့ပေး အလှူလုပ်နေသော ကြင်နာတတ်သူအမျိုးသားကြီး

လောကကြီးတွင် အလှူအတန်းလုပ်ချင်လျှင် ငွေကြေးချမ်းသာမှ မဟုတ်ပဲ ကိုယ့်စိတ်ထဲက သဒ္ဒါတရားမှန်ကန်လျှင် မရှိ ရှိသည့်ကြားကလည်း လှူဖြစ်ရသည်။ထို့သို့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသည့်ကြားက ကိုယ့်ထက် ဆင်းရဲပြီး အကူအညီလိုသူများအပေါ် မေတ္တာတရားထားပေးနိုင်သော သူများမှာ အလွန်လေးစားဖွယ် ကောင်းလှသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Mr. Minh Bear အမည်ရှိသော အမျိုးသားကြီးတစ်ဦးသည် ကိုယ်တိုင်က လမ်းဘေးဟင်းသီးဟင်းရွက်ရောင်းသူ ဖြစ်သော်လည်း စားဝတ်နေရေး အဆင်မပြေ ဆင်းရဲသားများနှင့် အခက်အခဲများကြား ကျောင်းတက်နေရသော ကျောင်းသားလေးများအတွက် တစ်ပတ်တစ်ခါ သူ့ဆိုင်ရှိ အသီးအရွက်များအား အခမဲ့ပေးဝေခဲ့သည်။

အမျိုးသားကြီးသည် စားဝတ်နေရေးအတွက်ဟင်းသီးဟင်းရွက် ရောင်းစားလာခဲ့သည်မှာ ၁၀နီးပါးရှိလာပြီး တစ်ဖက်သားအပေါ် လူသားချင်းစာနာစိတ်ရှိသည့်အပြင် ကြင်နာတတ်ပြီး မွန်မြတ်သော စိတ်ထားရှိသူလည်း ဖြစ်သည်။

အမျိုးသားကြီးသည် အဆင်ပြေပြေ ချမ်းသာသူမဟုတ်ပဲ သားဖြစ်သူမှာ ရောဂါကြောင့် ခွဲစိတ်ကုသမှူခံယူနေရ၍ ငွေကြေးများ လိုအပ်နေသော်လည်း အခြားသူများအား ကူညီချင်သည့်စိတ်လေးက လျော့သွားခြင်းမရှိပါ။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*