မယုံမရှိနှင့် အိပ်နေရင်းနှင့်တောင် ဝိတ်ချလို့ရတဲ့နည်းဆိုတာ ဒီနည်းကိုပြောတာ

ကိုယ်အလေးချိန်လျော့ဖို့ဆိုတဲ့ ကိစ္စဟာ အမျိုးသားတွေအတွက်လည်းအရေးတကြီးစဉ်းစားရမယ့် ကိစ္စထဲမှာ ပါဝင်ပါတယ်။လတ်တလောလေ့လာတွေ့ရှိချက်တွေအရကိုယ်အလေးချိန်ချချင်တဲ့ အမျိုးသားတွေအတွက် Gymမှာ အထွေအထူးသွားဆော့စရာမလိုဘဲနှင့် ညဘက်မှာ ကယ်လိုရီတွေကိုပိုမိုလောင်ကျွမ်းစေနိုင်ပြီး အဆီတွေကိုလည်း ထပ်မဖြစ်လာနိုင်အောင်ကာကွယ်ပေးနိုင်တဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။Lowaတက္ကသိုလ်က စမ်းသပ်သူများ အဖွဲ့တစ်ဖွဲ့ဟာ ကိုယ်အလေးချိန်ကိုတိုးလာစေနိုင်တဲ့ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ ဘတ်တီးရီးယားတွေအကြောင့်ကိုလေ့လာခဲ့ပါတယ်။နောက်ထပ်ပုံစံတူလေ့လာမှု့တစ်ခုကနေ တွေ့ရှိခဲ့တာကတော့ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာလည်း ဝိတ်ချတဲ့နေရာမှာ ကူညီပေးနိုင်တယ် ဆိုတာဘဲ ဖြစ်ပါတယ်။လူတွေအိပ်တဲ့အချိန်မှာခန္ဓာကိုယ်ဟာ သူ့ဘာသာသူ ပြန်လည်ပြုပြင်ပြီးတော့ ကာကွယ်မှု့တွေကို ပြုလုပ်ပါတယ်။ဒီအချိန်မှာကောင်းကျိုးပြုတဲ့ ဘတ်တီးရီးယားတွေအလုပ်လုပ်ဆုံးအချိန်ပါဘဲ။

2. ၁) ညစာစောစော စားခြင်း
အစားအသောက်စားတဲ့အခါညဘက်အရမ်းကြီးနောက်ကျမှစားတာမျိုးမပြုလုပ်ပါနဲ့။ အိပ်တဲ့အချိန်နှင့်စားတဲ့အချိန်ကြားမှာ ကာလတစ်ခုခြားအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။

3. ၂) ဝိတ်ကျစေတဲ့အစားအသောက်ထဲမှာ အသားလည်းပါဝင်ပါတယ်

ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်တွေအရ အသားအများစုမှာအမိုင်နိုအက်စစ်တွေပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်တွေဟာဆိုရင်ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။ အနည်းငယ်သော ပမာဏလေးနှင့် လူတစ်ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်နှင့် နာရီပိုပို အိပ်စက်စေနိုင်ပါတယ်။

4. ၃) ငရုတ်ကောင်းစားပါ
အဆီတွေကို အထိရောက်ဆုံးလောင်ကျွမ်းစေနိုင်ဖို့အတွက်ငရုတ်ကောင်းကို စားသင့်တယ်ဆိုတာ သိပ္ပံပညာရှင်တွေ လက်တွေ့ပြပြီးခဲ့ပြီ ဖြစ်ပါတယ်။စားသုံးနေတဲ့အစားအစာတွေထဲမှာ ငရုတ်ကောင်း ထည့်စားယုံနှင့် အိပ်စက်နေတဲ့ အချိန်တွင်းမှာအဆီတွေကောင်းကောင်းလောင်ကျွမ်းနိုင်မှာဖြစ်ပါတယ်။

5. ၄) ပရိုတိန်းဓာတ်ပြည့်ဝအောင်မှီဝဲပါ

မအိပ်ခင်ပရိုတိန်းဓာတ်မှီဝဲခြင်းဟာလည်း သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို တိုးပွားစေနိုင်ပါတယ်။ပရိုတိန်းဟာအဆီတွေထက်ပိုပြီးတော့အကျိုးသက်ရောက်စေနိုင်တာကြောင့် ကယ်လိုရီတော်တော်များများကိုလောင်ကျွမ်းစေနိုင်ပြီးတော့ ကောင်းကောင်းအစာချက်စေနိုင်ပါတယ်။

6. ၅) ပင်စိမ်း
ပင်စိမ်းကလည်း ဝိတ်ကိုကျစေနိုင်ပါတယ်။ ဒီတစ်ခါတော့ ပင်စိမ်းကိုစားရမှာမဟုတ်တော့ပါဘူး။ခေါင်းအုံးအောက်မှာဘဲဖြစ်ဖြစ်၊လက်ကကိုင်ပြီးတော့ဘဲဖြစ်ဖြစ် ပင်စိမ်းကိုရှုပေးရမှာဘဲဖြစ်ပါတယ်။

7. ၆) အခန်းအပူချိန်
အေးတဲ့အပူချိန်ကလည်း အဆီပိုတွေကို ထိန်းသိမ်းထားတဲ့ကျွန်တော်တို့ရဲ့ ဆဲလ်တွေကို အကျိုး သက်ရောက်မှု့ တိုးစေပြီးတော့ဒီလိုတိုးစေခြင်းကြောင့်ဗိုက်အတွင်းမှာရှိတဲ့ အဆီတွေကို ပိုပြီး လောင်ကျွမ်း စေနိုင်ဖို့အတွက်ကူညီပေးနိုင်ပါတယ်။ဒါကြောင့် သင့်ရဲ့ အခန်းကို အေးအောင်ပြုလုပ်ပြီးတော့စမ်းသပ်စစ်ဆေးကြည့်လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*