
မယုံကြည်နိုင်လောက်တဲ့ ပေါင်တံရှည်မျိုးပိုင်ဆိုင်ထားလို့ အခက်တွေ့နေရတဲ့ မိန်းကလေး
မွန်ဂိုလီးယားလူမျိုးတစ်ယောက်ဖြစ်တဲ့ အသက် 29 နှစ်အရွယ် Rentsenkhorloo Bud အမည်ရှိတဲ့ မိန်းကလေးဟာ ဒုတိယမြောက်ခြေတံအရှည်ဆုံးမိန်းကလေးအနေနဲ့ စံချိန်တင်ခဲ့ပြီး ခြေတံအရှည်ကတော့ 134.5 cm ရှိကြောင်း သိရပါတယ် ။ ကမ္ဘာခြေတံအရှည်ဆုံး မိန်းကလေးမှာ 134.62 cm သာရှိလို့ သူမတို့နှစ်ယောက်ရဲ့ အရပ်ဟာ မတိမ်းမယိမ်းပါပဲ ။
အစပိုင်မှာတော့ အရပ်ကအရမ်းရှည်လွန်းနေလို့ သူမအတော်လေး အခက်တွေ့ခဲ့ရပြီး ၊ ကိုယ့်ကို ထူးဆန်းတဲ့ လူတစ်ယောက်လို ခံစားလာမိခဲ့ပါတယ် ။ သူမအတွက် ဖိနပ်ဆိုဒ်တွေ မရှိလို့ ခက်ခဲတဲ့အပြင် ၊ အဝတ်အစားဝယ်ရင်တောင် သာမာန်ထက်ပိုရှည်နေတဲ့ ခန္ဓာကိုယ်ကြောင့် အတော်လေး ရှာဝယ်ရခက်ခဲ့ပါတယ် ။
သို့ပေမဲ့လည်း လွန်ခဲ့တဲ့ 15 နှစ်ကစပြီး သူမဟာ ကိုယ့်ကိုယ်ကိုပြန်ချစ်တတ်အောင် ကြိုးစားခဲ့ပါတယ် ။ ရှည်လျားလွန်းတဲ့အရပ်ဟာ သူမကို တမူထူးခြားပြီး လှပစေတယ်လို့ မှတ်ယူခဲ့တဲ့အပြင် ၊ အခြားသူတွေက သူမကို မော်ဒယ်လားဆိုပြီး မေးမြန်းခဲ့ချိန်အတော်လေး ပျော်ရွှင်မိကြောင်း ဖြေကြားခဲ့ပါတယ် ။ အချိန်ပိုင်းအနေနဲ့ မော်ဒယ်အလုပ်ကို လုပ်ကိုင်လေ့ရှိကြောင်းလည်း သိရပါတယ် ။
Zawgyi
Leave a Reply