
နှစ်တစ်နှစ်ရဲ့ရာသီတိုင်းမှာ animeချစ်သူတွေမျှော်လင့်နိုင်တဲ့ anime စီးရီးအနည်းငယ်ထွက်ရှိတတ်ပါတယ်။ပြီးခဲ့တဲ့နှစ်က anime Demon Slayerဟာ အရမ်းကောင်းတာကြောင့် ပရိသတ်တွေလည်း အများကြီးရရှိခဲ့ပါတယ်။ဒီထိုင်ဝမ်အမျိုးသားလည်း သူတို့ထဲက တစ်ယောက်ပါ။
သူဟာ animeဇာတ်ကောင်တွေထဲက လူကြိုက်များတဲ့ Nezukoဇာတ်ကောင်ရဲ့ရုပ်တုတွေကို ဝယ်ဖို့အတွက် ပိုက်ဆံအများကြီးသုံးခဲ့ပါတယ်။အဆိုပါအမျိုးသားဟာ ၄၄သိန်းကျော်ကုန်ကျတဲ့သူ့ရဲ့ရုပ်တုတွေကို ကောင်မလေးဖြစ်သူက လွှင့်ပစ် ပစ်လိုက်တဲ့အကြောင်း social media ပေါ် တိုင်တန်းထားပါသေးတယ်။သူ့ကောင်မလေးက သူအလုပ်ကြိုးစားပြီးဝယ်ယူစုဆောင်းခဲ့ရတဲ့အရုပ်တွေကို လွှင့်ပစ်ဖို့ သူ့မွေးရပ်မြေကို ပြန်သလိုနဲ့ အခွင့်ကောင်းယူခဲ့ပြီး ကြောင်းစုံမေးမြန်းလိုက်တော့ အရုပ်တွေက သူတို့နှစ်ကြားဆက်ဆံရေးကို ဝေးကွာစေလို့ အမှိုက်အိတ်ထဲထည့်ထုတ်ပြီး လွှင့်ပစ်လိုက်တာပါ။
အဲ့တာနဲ့ သူက သူ့အချစ်တော်လေးတွေကို ပြန်ရနိုင်ဖို့ အမှိုက်ကားကုမ္ပဏီကို အမြန်ဖုန်းလှမ်းဆက်ခဲ့ပေမဲ့လည်း အချိန်မမီနိုင်ခဲ့ပါဘူး။ဒါ့အပြင် ကောင်မလေးက သူ့ကို ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသတဲ့ Demon Slayer: Infinity Train ရုပ်ရှင်ကိုတောင် ပေးမကြည့်ကြောင်းနဲ့ “မင်း ကိုးရီးယား drama တွေကြည့်ပြီး မင်းသားတွေကို လိုက်ရှုးနေတာတောင် ငါဂရုမစိုက်ခဲ့ဘူး၊မင်းတခြားသူတွေရဲ့အကြိုက်ကို လေးစားလိုက်နာဖို့ အခက်တွေ့နေတာလား၊ မင်းရဲ့ခွင့်ပြုချက်ရဖို့ အဲ့အချိန်တုန်းက ငါ့အကြိုက်တွေကို ဖုံးကွယ်ခဲ့ရတာကို တွေးမိတော့ ငါအတော်လေးတုံးအခဲ့တာဘဲ”လို့ ဆိုထားပါတယ်။
အဲ့ဒီနောက် ကောင်မလေးနဲ့ပြတ်သွားခဲ့ပြီး သူ့ကောင်မလေးကလည်း သူ့ကို”နင်အမှိုက်တွေကို အရမ်းကြိုက်တာဘဲ အဲ့တာတွေက စိတ်ပျက်စရာကောင်းတယ်”လို့ ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြောင်း ဆိုထားပါသေးတယ်။ကောင်မလေးရဲ့လုပ်ရပ်ကလည်း လုံးဝမမှန်ကန်နေသလို ခွင့်ပြုချက်မတောင်းဘဲ တစ်စုံတစ်ဦးရဲ့ပစ္စည်းကို မလွှင့်ပစ်သင့်ပါဘူး။အကယ်လို့ သူ့ရဲ့ပစ္စည်းတွေကို မမေးမြန်းဘဲ လွှင့်ပစ်လိုက်ရင် သူမကြိုက်သလိုဘဲ တစ်ခြားသူတွေလည်း ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူးနော်။သင်တိုကော ဒီကိစ္စကို ဘယ်လို ထင်ပါသလဲ။
Leave a Reply