မန်နေဂျာရဲ့စာကို OK emoji သုံးပြီး reply ပြန်လိုက်လို့ အလုပ်ပြုတ်သွားခဲ့တဲ့ ဝန်ထမ်းတစ်ဦး

မန်နေဂျာရဲ့စာကို OK emoji သုံးပြီး reply ပြန်လိုက်လို့ အလုပ်ပြုတ်သွားခဲ့တဲ့ ဝန်ထမ်းတစ်ဦး

နှစ်များတစ်လျှောက် Emojis က ကျွန်တော်တို့ရဲ့online စကားဝိုင်းတွေမှာ ပါဝင်တဲ့ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Emojis က အသုံးပြုရတာပျော်ဖို့ကောင်းသလို ကျွန်တော်တို့ရဲ့မက်ဆေ့ချ်တွေအား ၎င်းက အရောင်နဲ့ အဓိပ္ပာယ်တွေကို ထပ်ဖြည့်စွက်ပေးပါတယ်။ဒါပေမဲ့အလုပ်ခွင်မှာ Emojis ကိုသုံးခြင်းက သင်အနေနဲ့ သင့်လျော်ပါသလား။တရုတ်နိုင်ငံ Changsha မြို့ရှိ ဘားတစ်ခုမှ အမျိုးသမီး ဝန်ထမ်းတစ်ဦးဟာ သူမမန်နေဂျာရဲ့ WeChat သတင်းစကားကို တုံ့ပြန်ရာမှာ Ok Emoji ကိုအသုံးပြုခဲ့ခြင်းကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရတဲ့အကြောင်းကို မကြာသေးခင်က တရုတ်နိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

“ အကယ်လို့ မင်းက စာကို လက်ခံရရှိတယ်ဆိုရင် စာတိုကိုပြန်ပို့ဖို့ စာသားကိုဘဲ သုံးသင့်တယ် ၊မင်း စည်းမျဉ်းတွေကို နားမလည်တာလား ၊ ဒါရဲ့သဘောက မင်းလက်ခံရရှိကြောင်း အတည်ပြုတာလား ”လို့ သူမရဲ့မန်နေဂျာက သူမ Emoji အသုံးပြုခဲ့ခြင်းအပေါ် ပြန်ဖြေကြားခဲ့ပါတယ်။သူမဟာ ထိုအရာကို မြင်လိုက်ရပြီးနောက် အံ့အားသင့်သွားခဲ့ရပါတယ်။သိပ်မကြာခင်မှာပဲ သူမကို HR ဌာနက ဆက်သွယ်လာပြီး သူမအားနုတ်ထွက်ဖို့တောင်းဆိုခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာ ထိုအမျိုးသမီးဝန်ထမ်းက ဒီဖြစ်ရပ်က မှန်ကန်ကြောင်းနှင့် သူမရဲ့နုတ်ထွက်မှုကို ယခုလုပ်ဆောင်နေပြီး သူမက ၎င်းအဖြစ်ကို ရယ်စရာလို့ဘဲသတ်မှတ်သလို အရာအားလုံးကိုလည်း လက်တုံ့မပြန်ခဲ့ကြောင်း ဆိုပါတယ်။

ထို့နောက် မန်နေဂျာက အုပ်စုလိုက် chat လုပ်တဲ့အခါတိုင်း Emoji တွေကို အသုံးမပြုကြရန် ထိရောက်စွာကြေငြာခဲ့ခြင်းကြောင့် သူတို့ကမက်ဆေ့ချ်တွေကို တုန့်ပြန်တဲ့အခါ ‘Roger’ စကားလုံးကိုဘဲအသုံးပြုကြပါလိမ့်မယ်။အင်တာနက်အသုံးပြုသူများစွာက အလုပ်ဖြုတ်ခံလိုက်ရတဲ့ဝန်ထမ်းကို အထောက်အပံ့ပေးနေကြတဲ့သူများရှိသလို မန်နေဂျာကိုထောက်ခံသူများလည်းရှိနေခဲ့ပါသေးတယ်။အချို့ကလည်း မန်နေဂျာတွေအနေနဲ့ ၎င်းတို့ရဲ့ဝန်ထမ်းများအကြား ပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးပုံစံတွေထားရှိသင့်ကြောင်း ထောက်ပြခဲ့ကြပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*